လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 8, 2013

အိုလံပစ်အတွက် အမေဇုန်တိုင်းရင်းသားများကို ဘရာဇီးလ် စုဆောင်း

Photo: အိုလံပစ်အတွက် အမေဇုန်တိုင်းရင်းသားများကို ဘရာဇီးလ် စုဆောင်း
Tuesday, October 8, 2013

ဘရာဇီးလ် အားကစား ဝန်ကြီးဌာနမှ လူငယ်သွေးသစ် ရှာဖွေရေး ကင်းထောက်များသည် အမေဇုန် တောတွင်းသို့ ဝင်ရောက်ကာ မြားပစ်ကျွမ်းကျင်သည့် တိုင်းရင်းသား လူငယ်လေးများကို စုရုံးနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘရာဇီးလ် နိုင်ငံသည် အိုလံပစ် ပြိုင်ပွဲတွင် မြားပစ်အားကစား ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထူးခြားသော လုပ်ဆောင်မှု တစ်ခုကို စတင် အကောင်အထည် ဖော်လျှက် ရှိနေကြောင်း သိရသည်။ ဘရာဇီးလ် အားကစား ဝန်ကြီးဌာနမှ လူငယ်သွေးသစ် ရှာဖွေရေး ကင်းထောက်များသည် အမေဇုန် တောတွင်းသို့ ဝင်ရောက်ကာ မြားပစ်ကျွမ်းကျင်သည့် တိုင်းရင်းသား လူငယ်လေးများကို စုရုံးနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမေဇုန် တောကြီးအတွင်း နေထိုင်သည့် ဒေသခံ တိုင်းရင်းသား ကလေးငယ်များသည် မွေးကတည်းက ရိုးရာ မြားပစ်အတတ်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားကြသည်။ အချို့သော လူငယ်များသည် မီတာ(၁၀၀) အမြင့်တွင် လှုပ်ရှားပျံသန်းနေသည့် ငှက်တစ်ကောင်ကိုပင် ပစ်ချနိုင်သည်။

ထို့အပြင် ရေထဲတွင် ကူးခတ်သွားလာနေသော ငါးတစ်ကောင်ကို မြားဖြင့် ပစ်ခတ် ဖမ်းဆီးနိုင်သည့် ကလေးငယ်များလည်း မရှားလှချေ။ ထိုသို့ စွမ်းရည်မြင့်မားသည့် မြားပစ်သမားလေးများကို အခြေခံကျကျ ပျိုးထောင်ပေးခြင်းဖြင့် ၎င်းတို့၏ အသွေးအသားထဲမှ ပါရမီဓာတ်ခံကို မြှင့်တင် မွမ်းမံပေးရန် ဘရာဇီးလ် အားကစားရေးရာ တာဝန်ရှိသူများက ဆန္ဒရှိနေကြသည်။ ဘရာဇီးလ်သည် ရီယိုဒီဂျနေရိုတွင် (၂၀၁၆)ခုနှစ်၊ အိုလံပစ် ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ရန် စီစဉ်ထားရာ အမေဇုန်မှ ကျောက်မျက်ရိုင်းလေးများကို တန်ဖိုးတက်လာအောင် လက်ရာမြောက်စွာ သွေးပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အမေဇုန်မှ မြားပစ်သမား လူငယ်လေးများသည် အိုလံပစ်တွင် ရွှေတံဆိပ်ဆုကို လက်တွေ့ ဆွတ်ခူးနိုင်စွမ်း ရှိလာမည်ဟု ဘရာဇီးလ် အားကစားရေးရာ ကျွမ်းကျင်သူများက လေးလေးနက်နက် ယုံကြည်နေသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံး အမြဲစိမ်း သစ်တောကြီးဖြစ်သည့် အမေဇုန်တွင် အင်ဒီးယန်း တိုင်းရင်းသားအနွယ် (၄၀၀)မျှ ပျံ့နှံ့ နေထိုင်ကြသည်။ ဘရာဇီးလ် အားကစားသမားသစ် စောင့်ကြည့်ရေး ကင်းထောက်များသည် ယင်းမျိုးနွယ်စုများထံမှ ကနူးနှင့် ကယက်လှေ ကျွမ်းကျင်စွာ လှော်ခတ်နိုင်သည့် လူငယ်လေးများကိုလည်း ရှာဖွေစုဆောင်းနေကြောင်း သိရှိရသည်။

Planet Myanmar Network

http://www.myanmaronlinenews.net/2013/10/blog-post_5805.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..