လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 1, 2013

မလေးရှားနိုင်ငံရောက် မြန်မာများအား အထူးသတိပေးချက် (မလေးရှား အရေးပေါ် သတင်း)

ယနေ့ (၁.၉.၂၀၁၃ တနင်္ဂနွေနေ့) နေ့လည် ၂ နာရီအတွင် ကေအယ် ကိုတာရာယာ ဝန်းကျင်တွင် နိုင်ငံခြားသားများအား အော်ပရာဇီ (အထူးစစ်ဆေး ဖမ်းဆီးခြင်း) အစီအစဉ်များ စတင်တော့မည် ဖြစ်ပါသည်။

(ယနေ့ ကေအယ်တွင် စတင်ဖမ်းဆီးမည် ဖြစ်ပါ၍ ကေအယ်သို့  လာရာက်ပါက ဂရုစိုက်ကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။......)

ယခု နံနက် (၁၀) အချိန်မှ စတင်ကာ ရဲများ လဝကများ ရေလာများ
ပြည့်သူစစ်များမှ အဆင့်သင့် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။ 

မလေးရှားနိုင်ငံ သတင်းဌာန၏ သတင်းထုပ်ပြန်ချက်များအရ  
မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ 
အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ယခုလ စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ စပြီးစီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အော်ပရာစီတွင် ဌာနပေါင်းစုံမှ ၀န်ထမ်းပေါင်း ၁၃၅,၀၀၀ (တသိန်း သုံးသောင်း ငါးထောင်)မှ ပါဝင် ဖမ်းဆီးအရေးယူဖြစ်ပြီး အဓိက ဖမ်းဆီးမည့် နေရာများမှာ Kuala Lumpur, Selangor, Penang, Johor 
Kalang ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အထောက်ရှိသူ အထောက်ထားမခိုင်လုံသူများ အကြောင်းမျိုးမျိုးကြောင့် အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန် 
ကြိုတင် သတိပေးအပ်ပါသည်။

နေဇော်လင်း
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..