လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 1, 2013

အစာမကြေ ဘူးလား၊ သင်္ဘောသီးစိမ်း ကိုစား

Photo: အစာမကြေ ဘူးလား၊ သင်္ဘောသီးစိမ်း ကိုစား
Sunday, September 1, 2013

သင်္ဘောသီးစိမ်းက သင်္ဘောသီး မှည့်ထက် ဘာလို့ ပိုကောင်းသလဲ။

သင်္ဘောသီးမှည့်မှာ ဓါတ်တိုး ဆန့်ကျင် (antioxidant) ပစ္စည်းများနှင့် ဗိုက်တာမင်တွေ ပါဝင်ပေမယ့် သင်္ဘောသီး စိမ်းမှာ ပိုမိုကြွယ်ဝတဲ့ papain ဓါတ်ကြောင့် အစာခြေ အင်ဇိုင်းတွေ ဖြစ်ပေါ်စေပါတယ်။

Papain ဓါတ်က အစာအိမ်ကိုဘယ် လို အကျိုးပြုသလဲ။

Papain ဓါတ်ဟာ ခိုင်ခံ့ တောင့်တင်းတဲ့ ပရိုတင်းတွေကိုတောင် ချေဖျက် ပေးနိုင်ပါတယ်။ Papain ကို အသားနူးဆေး (meat tenderizer) အဖြစ် ထုတ်လုပ်ပြီး ရောင်းချလျက်ရှိ ပါတယ်။ ဒါကြောင့် Papain ကြွယ်ဝတဲ့ သင်္ဘောသီးစိမ်းကို စားရတာ အလွန် အားကောင်းတဲ့ အစာခြေ အင်ဇိုင်းကို အစာအိမ်ထဲ ထည့်ထားတာ ပါပဲ။

သင်္ဘောသီးစိမ်းကိုဘာကြောင့် အစာမရှိတဲ့ အချိန်မှာ စားရတာလဲ။

ဗိုက်ထဲအစာမရှိတဲ့ အချိန် သင်္ဘောသီးစိမ်း စားတဲ့အခါ ဟိုက်ဒရိုကလိုရစ် အက်ဆစ်ပမာဏ နည်းစေ ပါတယ်။ အစာအိမ်ထဲမှာ ဟိုက်ဒရိုကလိုရစ် အက်ဆစ် နည်းတာကြောင့် ပရိုတင်း ချေဖျက် အင်ဇိုင်းတွေဟာ အစာအိမ်မှ အူသိမ်အထိ အလေအ လွင့်မရှိဘဲ ဆင်းသွား နိုင်ပါတယ်။ အူသိမ်ထဲ ရောက်လာတဲ့ ပရိုတင်းချေ ဖျက်အင်ဇိုင်းတွေကို သွေးလည်ပတ်မှု စနစ်က စုပ်ယူပြီး သွေးတွင်း ဓါတ်တိုးပရိုတင်း (oxidized protein) တွေကို ချေဖျက် ပေးပါတယ်။ အားကောင်းတဲ့ ပရိုတင်း ချေဖျက် အင်ဇိုင်း တစ်ခုဖြစ်တဲ့ Papain ကို အစာမရှိတဲ့ အချိန်ဦးဆုံး စားလိုက်တဲ့အခါ သွေးထဲကို အလေအလွင့်မရှိ ရောက်သွားစေပြီး အဆိပ်အတောက် ပရိုတင်း တွေကို ချေဖျက် ပေးတာကြောင့် သွေးခဲ ရောဂါများမှ ကာကွယ်ပေးခြင်း၊ ကင်ဆာဆဲလ်များ ချေဖျက်ပေး ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။

ဇော်ကို
Source: hive-health-media
Health Updates Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..