လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, August 29, 2013

iphone အတွက် မြန်မာ Font သွင်းနည်း

iphone အတွက် မြန်မာ Font သွင်းနည်း

 

         ဒီ Post လေးကို Myanmar Mobile Development မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
ဦးက သူ့ဖုန်းမှာ မြန်မာ Font သွင်းချင်တယ်ပြောလို့ ကျွန်တော်လိုက်ပြီးမွှေနှောက်ရှာဖွေနေတုန်း ဒီ Post
လေးကို တွေ့သွားတာဖြစ်ပါတယ်။ Myanmar Mobile Development ကို Credit ပေးပါတယ်။
           iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး ကျွန်တော့်ဆီ Mail ပို့ ပြီး မေးလာတဲ့အတွက် ဒီ Post လေးကိုတင်လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။
1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ။



2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ။



3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ။



4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ။


5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ။

6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....... refer to- Pyae phyo (MMitD)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..