လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, August 31, 2013

ရီးရဲမက်ဒရစ်မှ ထွက်ခွာ ချင်နေသည့် ကာကာ

Photo: ရီးရဲမက်ဒရစ်မှ ထွက်ခွာ ချင်နေသည့် ကာကာ
Saturday, August 31, 2013

ရီးရဲမက်ဒရစ် ကွင်းလယ် ကစားသမား ကာကာဟာ အသင်းမှ ထွက်ခွာ ချင်နေပြီ ဖြစ်ကြောင်း သိရသည်။ ရီးရဲမက်ဒရစ် အသင်းမှာ ကွင်းလယ် ကစားသမားကောင်းများ များပြားနေသည့် အတွက် ကာကာအနေနှင့် ပွဲထွက် ကစားခွင့် ဆုံးရှုံးလျက်ရှိနေခြင်း အပေါ် မပျော်မရွှင် ဖြစ်နေသည့် ကာကာဟာ ယခုကဲ့သို့ မပျော်ရွှင်တော့ကြောင်း ဝန်ခံ ပြောကြား လိုက်ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင် ကာကာဟာ လက်ရှိ ရီးရဲမက်ဒရစ်နည်းပြ အန်ဆလော့တီနှင့် အေစီမီလန်အသင်းမှာ ကြာရှည် လက်တွဲခဲ့ ဖူးသော်လည်း ယခု အချိန်မှာတော့ သူ့အတွက် ပွဲထွက်ခွင့် ရဖို့ ခက်ခဲနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာကာက “ကျနော် ထွက်ချင်နေပြီ ဆိုတာ အသင်းက သိပါတယ်။ ကျနော် ထွက်ပေါက် တစ်စုံတရာရဖို့ သူတို့ ကူညီပေးစေချင် ပါတယ်။ အရာရာတိုင်းဟာ ကျနော့်အတွက် ခက်ခဲနေပါပြီ။ ဒီလူစာရင်းမှာ ကျနော့်အတွက် နေရာရဖို့ ခက်ခဲပါတယ်။ ကျနော် နေ့တိုင်း နေ့တိုင်းပဲ အလုပ်လုပ် ဖို့၊ လေ့ကျင့်ခန်းဆင်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဒါပေမယ့် ဒီလိုအနေ အထားက ကျနော် ပျော်ရွှင်နေတယ်လို့ မဆိုလို ပါဘူး။” ဟု ပြောကြား ခဲ့သည်။ ဘရာဇီးလ် လက်ရွေးစင် ကစားသ မားဟောင်း ကာကာဟာ လက်ရှိ လုပ်ခ လစာ အနေအထားအရ ကမ္ဘာ့ လစာ အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦး အပါအဝင် ဖြစ်နေပြီး ရီးရဲမက်ဒရစ်မှ ပြောင်းရွှေ့လျှင် ဥရောပ အသင်း တစ်သင်းသို့သာ ဖြစ်နိုင်ပြီး ဘရာဇီးလ်ကလပ်အသင်းများသို့ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တော့သည့် အနေအထားဖြစ်သည်။

ဆက်လက်၍ ကာကာက “ဘရာဇီးလ်ကို ပြန်ဖို့ ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဈေးကွက်က ပိတ်နေပါပြီ။ ဥရောပက အသင်းတစ်သင်းကိုပဲ ထွက်ခွာဖို့ ဖြစ်နိုင်ပါတယ်။ ဘယ်အသင်းတွေ ဖြစ်နိုင်တယ်ဆိုတာတော့ ကျနော် မပြောချင်ပါဘူး။ အဲဒါ ကျနော်ပြောရမယ့် အရာမဟုတ်ပါဘူး။” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

Ref - http://football-cafe.com/index.php
ရိုးရာလေး
ရီးရဲမက်ဒရစ် ကွင်းလယ် ကစားသမား ကာကာဟာ အသင်းမှ ထွက်ခွာ ချင်နေပြီ ဖြစ်ကြောင်း သိရသည်။ ရီးရဲမက်ဒရစ် အသင်းမှာ ကွင်းလယ် ကစားသမားကောင်းများ များပြားနေသည့် အတွက် ကာကာအနေနှင့် ပွဲထွက် ကစားခွင့် ဆုံးရှုံးလျက်ရှိနေခြင်း အပေါ် မပျော်မရွှင် ဖြစ်နေသည့် ကာကာဟာ ယခုကဲ့သို့ မပျော်ရွှင်တော့ကြောင်း ဝန်ခံ ပြောကြား လိုက်ခြင်း ဖြစ်သည်။၂၀၀၇ ခုနှစ်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင် ကာကာဟာ လက်ရှိ ရီးရဲမက်ဒရစ်နည်းပြ အန်ဆလော့တီနှင့် အေစီမီလန်အသင်းမှာ ကြာရှည် လက်တွဲခဲ့ ဖူးသော်လည်း ယခု အချိန်မှာတော့ သူ့အတွက် ပွဲထွက်ခွင့် ရဖို့ ခက်ခဲနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာကာက “ကျနော် ထွက်ချင်နေပြီ ဆိုတာ အသင်းက သိပါတယ်။ ကျနော် ထွက်ပေါက် တစ်စုံတရာရဖို့ သူတို့ ကူညီပေးစေချင် ပါတယ်။ အရာရာတိုင်းဟာ ကျနော့်အတွက် ခက်ခဲနေပါပြီ။ ဒီလူစာရင်းမှာ ကျနော့်အတွက် နေရာရဖို့ ခက်ခဲပါတယ်။ ကျနော် နေ့တိုင်း နေ့တိုင်းပဲ အလုပ်လုပ် ဖို့၊ လေ့ကျင့်ခန်းဆင်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဒါပေမယ့် ဒီလိုအနေ အထားက ကျနော် ပျော်ရွှင်နေတယ်လို့ မဆိုလို ပါဘူး။” ဟု ပြောကြား ခဲ့သည်။ ဘရာဇီးလ် လက်ရွေးစင် ကစားသ မားဟောင်း ကာကာဟာ လက်ရှိ လုပ်ခ လစာ အနေအထားအရ ကမ္ဘာ့ လစာ အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦး အပါအဝင် ဖြစ်နေပြီး ရီးရဲမက်ဒရစ်မှ ပြောင်းရွှေ့လျှင် ဥရောပ အသင်း တစ်သင်းသို့သာ ဖြစ်နိုင်ပြီး ဘရာဇီးလ်ကလပ်အသင်းများသို့ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တော့သည့် အနေအထားဖြစ်သည်။

ဆက်လက်၍ ကာကာက “ဘရာဇီးလ်ကို ပြန်ဖို့ ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဈေးကွက်က ပိတ်နေပါပြီ။ ဥရောပက အသင်းတစ်သင်းကိုပဲ ထွက်ခွာဖို့ ဖြစ်နိုင်ပါတယ်။ ဘယ်အသင်းတွေ ဖြစ်နိုင်တယ်ဆိုတာတော့ ကျနော် မပြောချင်ပါဘူး။ အဲဒါ ကျနော်ပြောရမယ့် အရာမဟုတ်ပါဘူး။” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Ref - http://football-cafe.com/index.php
ရိုးရာလေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..