လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, August 29, 2013

ဆီးရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကုလ တိုက်တွန်း

Photo: ဆီးရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကုလ တိုက်တွန်း
Thursday, August 29, 2013

ဆီးရီးယားနိုင်ငံတိုက်ပွဲအတွင်း ဓာတုလက်နက်အသုံးပြုမှုတွေရှိတဲ့အတွက် အနောက်နိုင်ငံတွေက စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုတွေပြုလုပ်ဖို့ အသင့်ရှိနေတဲ့အချိန်မှာပဲ နိုင်ငံတကာအနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းသွားဖို့ ကုသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

အနောက်နိုင်ငံတွေဖြစ်ကြတဲ့ ဆီးရီးယားကို အရေးယူ တိုက်ခိုက်ဖို့ စဉ်းစားပြီး အသင့်ဖြစ်နေတဲ့ အချိန်မှာပဲ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Ban Ki-Moon က တွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာသွားဖို့ တိုက်တွန်းလိုက်ပြီး တွေ့ဆုံဆွေးနွေးမှုဟာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တဲ့ အရေးကြီးတဲ့ နည်းလမ်းတရပ်ဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန်နိုင်ငံ ထောက်လှမ်းရေးကတွေ့ရှိချက်အရ ဆီးရီးယား အစိုးရအနေနဲ့ တိုက်ပွဲအတွင်းမှာ ဓာတုလက်နက်အသုံးပြုမှုတွေရှိခဲ့တဲ့ အတွက် အဲဒီအတွက် တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုတွေလုပ်ဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ ကပြောလိုက် တာဖြစ်ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Ban Ki-Moon ကတော့ သူ့အနေနဲ့ ပါဝင်ပတ်သက်တဲ့အဖွဲ့အားလုံးကို တိုက်တွန်းချင်တာကတော့ စစ်လက်နက်အင်အားတွေ အသုံးပြုတဲ့အတွက် ဘာတွေတွေ့ရှိခဲ့ကြသလဲ။ သွေးထွက်သံယိုမှုတွေကိုပဲ တွေ့ရှိရတာဖြစ်တဲ့အတွက် ဒါဟာ အကြမ်းဖက်မှုကိုရပ်တန့်နိုင်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရကတော့ သူတို့အနေနဲ့ ဓာတုလက်နက်အသုံးပြုတယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး အနောက်နိုင်ငံတွေအနေနဲ့ ဓာတုလက်နက်အသုံးပြုတဲ့ သက်သေသာတကတွေကို ပြဖို့ စိန်ခေါ်လိုက်ပါတယ်။ ဓာတုလက်နက်အသုံးပြုမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လက်နက်ကျွမ်းကျင် သူတွေက အချက်အလက် တချို့ စုဆောင်းရရှိထားသလို ဒီထက်ပိုမိုရရှိအောင်လည်း ရှာဖွေစုဆောင်းနေပါတယ်။ ရရှိထားတဲ့အချက်အလက်တွေကိုတော့ ဓာတ်ခွဲခန်းမှာ စမ်းသပ်နေစဲဖြစ်တယ်လို့လည်းသိရပါတယ်။

တဆက်တည်းမှာပဲ ကာကွယ်ရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက အခုလို နိုင်ငံတကာက ဆီးရီးယားစစ်အစိုးရကို စစ်ရေးအရအရေးယူတိုက်ခိုက်ဖို့လုပ်နေချိန်မှာပဲ သြစတြေးလျအစိုးရ အနေနဲ့ ပါဝင်မှုမလုပ်လိုပေမယ့် ထောက်ခံမှုကိုပြဖို့ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။

အခုလိုအနောက်နိုင်ငံတွေက ၀င်ရောက်တိုက်ခိုက်မှုတွေပြုလုပ်လာနိုင် တဲ့အပေါ် ဆီးရီးယားနိုင်ငံ မြို့တော် Damascus မှာရှိတဲ့ ဒေသခံတွေက စိုးရိမ်နေကြတဲ့အတွက် လိုအပ်တဲ့ အသုံးဆောင် စာနရိပ်က္ခာတွေနဲ့ ဘဏ်စုငွေတွေကို ထုတ်ယူနေကြတယ်လို့ သိရပါတယ်။

ABC Radio Australia

UN chemical weapons experts carry samples from one of the sites of an alleged chemical weapons attack in the Ain Tarma neighbourhood of Damascus. (Credit: Reuters)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..