မြို့တော် ကိုလံဘိုအတွင်းမှာလည်း မျောက်တွေ အုပ်လိုက် သစ်ပင်တွေ ခုန်ကူးပြေးလွှားကစားနေတတ်ကြတယ်။ ဘုရားစေတီ ပုထိုးတွေမှာလည်း မျောက်၊ သမင်၊ ဒရယ် စတဲ့တောကောင်တွေက လူတွေနဲ့ နီးနီးကပ်ကပ် ကျင်လည်ကျက်စားနေကြတယ်။
အသားမစားတဲ့လူဦးရေက အများဆုံးဖြစ်နေတဲ့အတွက် အသားငါးသတ်တဲ့သူနည်းပါးပါတယ်။ ခွေးကြောင် စတဲ့တိရစ္ဆန်တွေကို သတ်ဖို့မပြောနဲ့ ရိုက်ရင်တောင် လူတွေက မကြိုက်ကြပါဘူး။ ၂၀၀၉ လောက်ကလည်း ဆင်လိမ္မာလေးတစ်ကောင်ဟာ ဘုရားရုပ်ထုတော်ကို ဦးညွတ်အရိုအသေပေးကန်တော့နေတဲ့ ပုံတစ်ပုံဟာ တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့သွားခဲ့ဘူးတယ်။
အခုဒီပုံထဲက နွားကလေးဟာလည်း ဘုန်းဘုန်းတစ်ပါးသူ့ရှေ့ကြွလာတာမြင်တော့ ဦးညွတ်ပေးကန်တော့နေပါတယ်။ မြင်ရတာ ကြည်နူးဖွယ်မြင်ကွင်းလေးတစ်ခုပါပဲ။
MMC
<Myanmar Advertising Page>
No comments:
Post a Comment