လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, July 23, 2013

အဆိပ်သင့်စာ ကျွေးမှုနဲ့ ကျောင်းအုပ်ကို ဖမ်းဝရမ်းထုတ်ထား

Photo: အဆိပ်သင့်စာ ကျွေးမှုနဲ့ ကျောင်းအုပ်ကို ဖမ်းဝရမ်းထုတ်ထား 
Tuesday, July 23, 2013

အိန္ဒိယ နိုင်ငံမှာ အဆိပ်ပြင်းတဲ့ ကျောင်းနေ့လည်စာ စားပြီး ကလေးပေါင်း ၂၃ ဦး သေဆုံးမှုဖြစ်ပေါ်ပြီးနောက် ပြစ်မှုမကင်း ဖြစ်ပြီး ပုန်းရှောင်နေတဲ့ ကျောင်းအုပ်ကြီးကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ထား တယ်လို့ သိရပါတယ်။

ကလေးတွေကို ကျွေးတဲ့ နေ့လည်စာထဲမှာ အဆိပ်ပြင်းတဲ့ ပိုးသတ်ဆေး ပါဝင်တာကို စုံစမ်းတွေ့ ရှိခဲ့ပါတယ်။

အနံ့ဆိုးတဲ့ စားသုံးဆီကို ထမင်းချက်က အနံ့မကောင်းတဲ့အတွက် မသုံးဘူးလို့ပြောခဲ့ပေမဲ့ ကျောင်း အုပ်ကြီး Meena Devi က အတင်း အဓမ္မ သုံးခိုင်းတဲ့အတွက် ထမင်းချက်က သုံးခဲ့တဲ့ ပုံ ပေါ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

သေဆုံးတဲ့ အထဲမှာ ထမင်းချက်လဲ ပါဝင်ပြီး ကျောင်းအုပ်ကြီးကတော့ ထွက်ပြေး ပုန်းအောင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အဆိပ်ပြင်းတဲ့  monocrotophos ပိုးသတ်ဆေးကို  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အိန္ဒယ နိုင်ငံမှာ သုံးခွင့်ပိတ်ပင်ဖို့ တိုက်တွန်းခဲ့တဲ့ နည်းတူ သြစတြေးလျ နိုင်ငံအပါအဝင် နိုင်ငံ အတော်များများမှာ အဲဒီဆေးကို သုံးစွဲခွင့်ပိတ်ပင်ထားပါတယ်။

ABC Radio Australia

အဆိပ်သင့်တဲ့ နေ့လည်စာ စားမိတဲ့အတွက် ကလေးငယ်အတော်များများကို ဆေးရုံတင်ခဲ့ရ (Credit: AFP)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..