လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, July 13, 2013

စိုးရိမ်စိတ် များခြင်းကြောင့် သေဆုံးနိုင်ခြေ မြင့်မားနိုင်

Photo: စိုးရိမ်စိတ် များခြင်းကြောင့် သေဆုံးနိုင်ခြေ မြင့်မားနိုင်

နှလုံးရောဂါရှိတဲ့ လူနာတွေဟာ စိုးရိမ်စိတ်များတာကြောင့် သေဆုံးနိုင်ခြေဟာ နှစ်ဆခန့် မြင့်မားနိုင်တယ်လို့ မကြာခင်က ပြုလုပ်တဲ့ လေလာမှုအရ တွေ့ရှိခဲ့ပါတယ်။ နှလုံးရောဂါရှိသူတွေမှာ စိုးရိမ်စိတ်များတာနဲ့အတူ စိတ်ကျဝေဒနာပါရှိခဲ့ရင် သေဆုံးနိုင်ခြေ သုံးဆခန့် မြင့်မားသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နှလုံးရောဂါရှိသူတွေမှာ စိတ်ကျဝေဒနာ ဖြစ်တာကြောင့် သေဆုံးနိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာမှု အများအပြားအရ တွေ့ရှိထားပြီးဖြစ်ပါတယ်။ 

ယခုလေ့လာမှုအရ စိုးရိမ်စိတ်များတာဟာ စိတ်ကျဝေဒနာရှိသလိုမျိုး သေဆုံးနိုင်ခြေ မြင့်မားပြီး သေဆုံးနိုင်ခြေအပေါ် လွှမ်းမိုးမှုချင်း တူညီတယ်လို့ သိရပါတယ်။ နှလုံးတိုက်ခိုက်ခံရသူတွေမှာ စိတ်ကျဝေဒနာဖြစ်နှုန်းဟာ သုံးဆခန့် ပိုမိုမြင့်မားပါတယ်။ စိတ်ကျဝေဒနာဖြစ်နေတဲ့ နှလုံးရောဂါရှင်တွေဟာ စိုးရိမ်စိတ်များတတ်ပါတယ်။စိုးရိမ်စိတ်များတဲ့အတွက် သွေးဖိအားကို ထိန်းချုပ်ထားတဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုတွေ မြင့်တက်လာပါတယ်။

စိုးရိမ်စိတ်များသူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲနိုင်ပြီး သွေးဖိအားလည်း မြင့်တက်နိုင်တယ်လို့ အမေရိကန် နှလုံးရောဂါဌာနက ထုတ်ဝေတဲ့ဂျာနယ်မှာ ဖော်ပြထားပါတယ်။

SweSone Media Group

နှလုံးရောဂါရှိတဲ့ လူနာတွေဟာ စိုးရိမ်စိတ်များတာကြောင့် သေဆုံးနိုင်ခြေဟာ နှစ်ဆခန့် မြင့်မားနိုင်တယ်လို့ မကြာခင်က ပြုလုပ်တဲ့ လေလာမှုအရ တွေ့ရှိခဲ့ပါတယ်။ နှလုံးရောဂါရှိသူတွေမှာ စိုးရိမ်စိတ်များတာနဲ့အတူ စိတ်ကျဝေဒနာပါရှိခဲ့ရင် သေဆုံးနိုင်ခြေ သုံးဆခန့် မြင့်မားသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နှလုံးရောဂါရှိသူတွေမှာ စိတ်ကျဝေဒနာ ဖြစ်တာကြောင့် သေဆုံးနိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာမှု အများအပြားအရ တွေ့ရှိထားပြီးဖြစ်ပါတယ်။ ယခုလေ့လာမှုအရ စိုးရိမ်စိတ်များတာဟာ စိတ်ကျဝေဒနာရှိသလိုမျိုး သေဆုံးနိုင်ခြေ မြင့်မားပြီး သေဆုံးနိုင်ခြေအပေါ် လွှမ်းမိုးမှုချင်း တူညီတယ်လို့ သိရပါတယ်။ နှလုံးတိုက်ခိုက်ခံရသူတွေမှာ စိတ်ကျဝေဒနာဖြစ်နှုန်းဟာ သုံးဆခန့် ပိုမိုမြင့်မားပါတယ်။ စိတ်ကျဝေဒနာဖြစ်နေတဲ့ နှလုံးရောဂါရှင်တွေဟာ စိုးရိမ်စိတ်များတတ်ပါတယ်။စိုးရိမ်စိတ်များတဲ့အတွက် သွေးဖိအားကို ထိန်းချုပ်ထားတဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုတွေ မြင့်တက်လာပါတယ်။

စိုးရိမ်စိတ်များသူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲနိုင်ပြီး သွေးဖိအားလည်း မြင့်တက်နိုင်တယ်လို့ အမေရိကန် နှလုံးရောဂါဌာနက ထုတ်ဝေတဲ့ဂျာနယ်မှာ ဖော်ပြထားပါတယ်။

SweSone Media Group
15

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..