အဲ့ Kuchisake-onna ဆိုတဲ့ သရဲမက ညဘက်ဆို လမ်းမတွေပေါ်မှာ
ခွဲစိတ်ခန်း သုံး Maskလေးအုပ် လမ်းလျှောက်ပြီး သားကောင်ရှာလေ့ရှိတယ်။
သူမရဲ့ သားကောင်ကတော့ ကလေးတွေနဲ့ လူငယ်တွေပဲ ဖြစ်ကြတယ်။သင်ဟာ
ညဘက် ကျောင်းက ပြန်လာရင် ဖြစ်ဖြစ် သင်တန်းတစ်ခုခုက ပြန်လာရင်ဖြစ်ဖြစ်ပေါ့
လမ်းမမှာ သင်တစ်ယောက်ထဲ လမ်းလျှောက်နေတုန်း ခပ်တိုးတိုး သီချင်းဆိုသံ
တစ်ခုကို အမှောင်ထဲက ကြားရမယ်။ အဲ့ချိန်မှာ သင်ရှေ့ကို
ကုတ်အကျီဝတ်ထားတဲ့မိန်းမတစ်ယောက်က ရောက်လာလိမ့်မယ် သူမက အဲ့ချိန်မှာတော့
မျက်နှာမှာ ခွဲစိတ်ခန်းသုံးmask ကိုအုပ်ထားလိမ့်မယ်။ သင်သူ့ကို
ကြောင်တောင်တောင်နဲ့ ကြည့်နေချိန်မှာပဲ သူမက သင့်ကို ညှင်သာသော အသံဖြင့်
“ငါ လှလား”လို့ မေးမယ် ပြီးတော့ အုပ်ထားတဲ့ mask ကို ဖြည်လိုက်တဲ့အခါ
သူမရဲ့ ပါးစပ်ကြီးက ဘယ်ဘက်နားကနေ ညာဘက်နားထိ ကွဲနေတာကို သင်တွေ့လိုက်ရမယ်။
အဲ့ချိန်မှာပဲ သူမက အဲ့ပါးစပ်ကွဲကြီးနဲ့ နောက်တစ်ခေါက် “ငါ
လှလားးးးးးးးးးးးးးးးးးးးးးးးးးး”ဆိုပြီးအသံကျယ်ကြီးနဲ့ သင့်ကို
အော်မေးမယ်။ သင်က ကြောက်လန့်ပြီး ထွက်ပြေးမယ်ဆိုပါက သင့်နောက်ကို လိုက်ပြီး
သူမိသွားပါက သင့်ကို ၂ ပိုင်းဖြတ်ပြီး သတ်ပြစ်မှာ အသေအချာပဲ။ တစ်ကယ်လို့
သင်က လှပါတယ် လို့ဖြေလိုက်ရင် သူမက သူမရဲ့ ကုတ်အကျီထဲကနေ ကြီးမားတဲ့
ကတ်ကြေးကြီးကို ထုတ်ပြီး သင့်ကို သူ့လိုဖြစ်အောင် သင့်ပါးစပ်ကို
ညှပ်ပြစ်လိုက်မယ်။ သင်က မလှဘူးလို့ဖြေလိုက်ရင်တော့ သင့် ခေါင်းကို
ဒေါသတကြီးနဲ့ အဲ့နေရာမှာတင် ဖြတ်ပြီး သတ်ပြစ်လိမ့်မယ်။
အဲ့တော့ သင် အသက်မသေချင်ပဲ လွတ်မြောက်ချင်ရင်တော့ နည်းလမ်းတစ်ခုပဲရှိတယ် သူမက အဲ့လိုမေးရင် သင်ဘက်က သွေးအေးအေးနဲ့ မင်းအလှက သာမန်လောက်ပဲရှိသေးတယ် ငါ သိပ်ခန့်မှန်းလို့မရဘူးလို့ ဖြေလိုက်ပါ။ အဲ့ချိန်ကြရင် အဲ့သူရဲမက ကြောင်တောင်တောင်ဖြစ်သွားပြီး သူ့ဘာသာသူ စဉ်းစားနေလိမ့်မယ် အဲ့ချိန်မှာ သင်ထွက်ပြေးဖို့ အခွင့်အရေးပါပဲ။
ပါးစပ်ရာဇ၀င်ပြောကြတာကတော့ အဲ့ ပါးစပ်ကွဲကြီးနဲ့ သူရဲမက သူရဲမဖြစ်ခင်တုန်းက ယာဉ်မတော်မဆဖြစ်ပြီး ကွယ်လွန်သွားတာ သေသွားတော့ ယာဉ်တိုက်မှုကြောင့် အဲ့လို ပါးစပ်ကြီးကွဲသွားတာလို့ပြောကြတယ်။ နောက်တစ်ခုက သူမက မျက်နှာကို Plastic Surgery လုပ်နေအုန်း မှားလုပ်မိသွားတာလို့ ပြောကြတယ်။ နောက်တစ်ခုကတော့ သူမက အရမ်းရူးပြီး အရူးထောင်ရောက်သွားတယ် အဲ့ကနေ ထွက်ပြေးလွတ်မြောက်ပြီးတော့မှ အပြင်မှာ ပြန်အရူးဖောက်ပြီး သူ့ပါးစပ်ကို သူ ကတ်ကြေးနဲ့ ညှပ်ပလိုက်တာလို့လဲပြောကြတယ်။
ဒါပေမယ့် အဖြစ်နိုင်ဆုံး ဖြစ်ရပ်ကတော့ နှစ်ပေါင်းများစွာ အကြာက ဂျပန်နိုင်ငံမှာ လင်မယား နှစ်ယောက်ရှိတယ်။ မယားဖြစ်သူက အရမ်းချောတယ်။ အဲ့တော့ ယောကျာင်္းက စိတ်မချဖြစ်နေတယ်။ နောက်ပိုင်းကျတော့ ယောင်္ကျားက Psycho ၀င်လာပြီး သူ့မိန်းမက သူ့အပေါ်သစ္စာဖောက်နေတယ်လို့ ထင်ပြီး ရူးသွားပြီး သူ့မိန်းမကို သူကိုယ်တိုင် ဓါးနဲ့ ပါးစပ်ကို ဘယ်ဘက်နားကနေ ညာဘက်နားထိ ရောက်အောင် ဖြတ်ခဲ့တယ် ပြီးတော့ ပြောသွားတယ် အခုဆို မင်းကို ဘယ်သူကမှ လှတယ်လို့ မထင်တော့ဘူး ဆိုပြီး။ ပြီးတော့ မိန်းမက သေသွားတယ်ပေါ့ဗျာ အဲ့ချိန်မှာ မိန်းမက မကျွတ်မလွတ်ပဲ Vengeful Spirit ဖြစ်သွားပြီး ညဘက်ဆို လမ်းမပေါ်မှာ လမ်းလျှောက်ပြီး သူဖြစ်ခဲ့သလို လူတစ်ကာကို ဖြစ်ရမယ်ဆိုပြီး လိုက်ကလဲ့စားချေခဲ့တယ်။ Mask ဘာလို့ အုပ်ထားရလဲဆိုတော့ သူမရဲ့ ရုပ်ဆိုးတဲ့ အနာရွတ်ကြီးကို ကွယ်ထားချင်တာကြောင့်ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်လောက်မှာတော့ ဂျပန်နိုင်ငံမှာ ညဘက်ဆို ပါးစပ်ကွဲကြီးနဲ့ သရဲမ Kuchisake-onna က ကလေးတွေကို လိုက်ဖမ်းပြီး သတ်နေတယ်လို့ ကောလဟာလတွေ ထွက်လာခဲ့တယ်။ အဲ့သတင်းက တောမီးလောင်သလိုပဲ ဂျပန်နိုင်ငံ မြို့တော်တော်များများကို ပြန့်နှံသွားခဲ့တယ်။ ရဲတွေ တော်တော်များများ ကျောင်းတွေနားမှာ အင်အားချထားပြီး ကလေးတွေကို ကျောင်းကြို ကျောင်းပို့ လုပ်ပေးခဲ့ရတဲ့ အဆင့်ထိ ရောက်အောင် အဲ့ သတင်းက ပျံနှံခဲ့တယ်။
၂၀၀၄ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တစ်ခုက report တစ်ခုမှာ Mask အနီရောင်အုပ်ထားတဲ့ မိန်းမတစ်ယောက်က ညဘက်ဆို ကလေးတွေ နောက်ကို လိုက်နေတာတွေ့ရတယ်လို့ အစီရင်ခံစာတင်ကြတယ်။
၂၀၀၇ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ သေမှု သေခင်း စစ်ဆေးတဲ့ စုံစမ်းရေး အရာရှိတစ်ယောက်က ၁၉၇၀ ခုနှစ်က အမှုတွေကို ပြန်စစ်တော့ မျက်နှာဖုံးအုပ်ပြီး ကလေးတွေကို လိုက်ဒုက္ခပေးတဲ့ မိန်းမက တစ်ကယ်ရှိတယ်ဆိုတာတွေ့လိုက်ရတယ် ဒါပေမယ့် အဲ့မိန်းမက ကားတိုက်ပြီး သေသွားခဲ့တယ် ထူးဆန်းတဲ့ တစ်ချက်က အဲ့မိန်းမရဲ့ Mask ကို ချွတ်ကြည့်တော့ သူမ့ မှာ ပါးစပ်မှာ ဘယ်ဘက်နားကနေ ညာဘက်နားထိတောင် ကွဲနေတဲ့ ဒဏ်ရာကြီး ရှိနေတာကိုတွေ့လိုက်ရတယ်။
ဇာတ်လမ်းထက် ဓါတ်ပုံက ပိုမို့ကြောက်ဖို့ကောင်းနေတာတွေ့ရ
(အက်ဒမင်-တစ်ပွဲစား)
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)

No comments:
Post a Comment