လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, July 24, 2013

ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရ အမိန့်ထုတ်

Photo: ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရ အမိန့်ထုတ်
Wednesday, July 24, 2013

ဖိလိပိုင်နိုင်ငံက ဆရာ ဆရာမနဲ့ ကျောင်းသားတွေကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် စာသင်ကျောင်းက မွတ်စလင် ဆရာမတွေကို စာသင်ပြနေတဲ့အချိန်မှာ သူတို့ရဲ့ ခေါင်းပေါင်းတွေကို ချွတ်ထားရမယ်လို့ ဖိလိပိုင်အစိုးရက အမိန့်ထုတ်ပြန် လိုက်ပါတယ်။

အခုလို မွတ်စလင်ဆရာမတွေကို ခေါင်းပေါင်း ချွတ်ထားရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန် လိုက်တာဟာ စာသင်ကျောင်းတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အယူသည်း မှုတွေကို ပြုပြင်ပြောင်းလဲမှု လုပ်တာဖြစ်တယ်လို့ ဖိလိပိုင်နိုင်ငံ ပညာရေးဆိုင်ရာ အတွင်းရေးမှူး Armin Luistro ကပြောပါတယ်။

ဒါပေမယ့် အခုထုတ်ပြန်လိုက်တဲ့ အမိန့်ထဲမှာ မွတ်စလင်ကျောင်းသူလေးတွေကတော့ ကျောင်းဝင်းတွေထဲမှာ ခေါင်းပေါင်းခွင့်ရှိသလို ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်တဲ့အတန်းမှာလည်း သင့်တော်တဲ့အ၀တ်အစားတွေ ၀တ်ဆင်နိုင်တယ်လို့ ပါရှိပါတယ်။

မွတ်စလင်ဆရာမတွေကိုလည်း စာသင်ခန်းထဲမှာ စာသင်ပြပေးနေချိန်အတွင်းသာ ခေါင်းပေါင်းကို ချွတ်ထားရမှာ ဖြစ်ပြီးတော့ ကျန်တဲ့ အတန်းချိန်မဟုတ်တဲ့ အချိန်တွေမှာ ခေါင်းပေါင်း ပေါင်းခွင့်ရှိတယ်လို့လည်း သိရပါတယ်။ အခုလို အမိန့်ထုတ် ပြန်ရတာဟာလည်း ကျောင်းသူကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ဆရာမကို ပိုမို မှတ်မိစေဖို့ အတွက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ မွတ်စလင်လူမျိုးဆိုင်ရာ အစိုးရဌာနကလည်း သဘောတူလက်ခံပြီး မွတ်စလင် ဆရာမတွေဆီကနေ ဘာမှတုံ့ပြန်မှုတွေ မကြားသိရသေးဘူးလို့လည်း မွတ်စလင်လူမျိုးဆိုင်ရာ အစိုးရဌာနက တာဝန်ရှိသူတွေကဆိုပါတယ်။

ABC Radio Australia
ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြစဉ် (Credit: AFP)
ဖိလိပိုင်နိုင်ငံက ဆရာ ဆရာမနဲ့ ကျောင်းသားတွေကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် စာသင်ကျောင်းက မွတ်စလင် ဆရာမတွေကို စာသင်ပြနေတဲ့အချိန်မှာ သူတို့ရဲ့ ခေါင်းပေါင်းတွေကို ချွတ်ထားရမယ်လို့ ဖိလိပိုင်အစိုးရက အမိန့်ထုတ်ပြန် လိုက်ပါတယ်။
အခုလို မွတ်စလင်ဆရာမတွေကို ခေါင်းပေါင်း ချွတ်ထားရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန် လိုက်တာဟာ စာသင်ကျောင်းတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အယူသည်း မှုတွေကို ပြုပြင်ပြောင်းလဲမှု လုပ်တာဖြစ်တယ်လို့ ဖိလိပိုင်နိုင်ငံ ပညာရေးဆိုင်ရာ အတွင်းရေးမှူး Armin Luistro ကပြောပါတယ်။ဒါပေမယ့် အခုထုတ်ပြန်လိုက်တဲ့ အမိန့်ထဲမှာ မွတ်စလင်ကျောင်းသူလေးတွေကတော့ ကျောင်းဝင်းတွေထဲမှာ ခေါင်းပေါင်းခွင့်ရှိသလို ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်တဲ့အတန်းမှာလည်း သင့်တော်တဲ့အ၀တ်အစားတွေ ၀တ်ဆင်နိုင်တယ်လို့ ပါရှိပါတယ်။

မွတ်စလင်ဆရာမတွေကိုလည်း စာသင်ခန်းထဲမှာ စာသင်ပြပေးနေချိန်အတွင်းသာ ခေါင်းပေါင်းကို ချွတ်ထားရမှာ ဖြစ်ပြီးတော့ ကျန်တဲ့ အတန်းချိန်မဟုတ်တဲ့ အချိန်တွေမှာ ခေါင်းပေါင်း ပေါင်းခွင့်ရှိတယ်လို့လည်း သိရပါတယ်။ အခုလို အမိန့်ထုတ် ပြန်ရတာဟာလည်း ကျောင်းသူကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ဆရာမကို ပိုမို မှတ်မိစေဖို့ အတွက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ မွတ်စလင်လူမျိုးဆိုင်ရာ အစိုးရဌာနကလည်း သဘောတူလက်ခံပြီး မွတ်စလင် ဆရာမတွေဆီကနေ ဘာမှတုံ့ပြန်မှုတွေ မကြားသိရသေးဘူးလို့လည်း မွတ်စလင်လူမျိုးဆိုင်ရာ အစိုးရဌာနက တာဝန်ရှိသူတွေကဆိုပါတယ်။

ABC Radio Australia
ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြစဉ် (Credit: AFP)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..