လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, July 16, 2013

လူ့ခန္ဓာကိုယ်အကြောင်း အံ့အားသင့်ဖွယ်ရာ အချက်များ

Photo: လူ့ခန္ဓာကိုယ်အကြောင်း အံ့အားသင့်ဖွယ်ရာ အချက်များ

post By Myawady News, on July 16, 2013

လူ့ခန္ဓာကိုယ်အကြောင်း အံ့အားသင့်ဖွယ်ရာ အချက်များ

-အမျိုးသားတွေက တစ်နေ့ ဆံပင် အချောင်းရေ ၄၀ ကျွတ်ပြီး အမျိုးသမီးတွေက တစ်နေ့ ဆံပင် အချောင်းရေ ၇၀ ကျွတ်တတ်ပါတယ်။

-သွေးထဲမှာရှိတဲ့ ဆားပမာဏနဲ့ ပင်လယ်ထဲမှာရှိတဲ့ ဆားပမာဏ အတူတူပါပဲ။

-သင့်အရပ်ဟာ ညဘက်မှာထက် မနက်ခင်းမှာ ပိုရှည်နေပါတယ်။

-တစ်နေ့မှာ နှလုံးဟာ ခန္ဓာကိုယ်ထဲမှာ အကြိမ် ၁၀၀၀ ခန့် သွေးလှည့်ပတ်မှု ရှိပါတယ်။ 

-မျက်တောင်တွေဟာ ၁၅၀ ရက်ကြာရင် သက်တမ်းကုန်ပါတယ်။

-မျက်ခုံးတစ်ဖက်မှာ အမွေး ၅၀၀ ရှိပါတယ်။ 

-ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်မှာ နာ့ဗ်ဆဲလ် ၁၀၀ ဘီလျံလောက် ရှိပါတယ်။ 

-မျက်လုံးဖွင့်ပြီး နှာမချေနိုင်ပါဘူး။

-အရိုးတွေက ကွန်ကရစ်ထက် လေးဆ ပိုသန်မာပါတယ်။ 

-အရသာခံ အဖုရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် ၁၀ ရက်ပဲ ရှိပါတယ်။ 

-လူတွေဟာ ခုံညင်းမပါဘဲ မွေးလာပြီး အသက်၂-၆နှစ် အရွယ်ထိ တိုင်အောင် မထွက်လာသေးပါဘူး။ 

-ကလေးတွေက ဆောင်းဦးရာသီမှာ ကြီးထွားနှုန်း ပိုမြန်ပါတယ်။ 

-မျက်စိတွေက ဘ၀တစ်လျှောက်လုံး အရွယ်အစား တစ်မျိုးတည်းပဲ ဖြစ်ပေမယ့် နားရွက်နဲ့ နှာခေါင်းတွေ ကတော့ ဘယ်တော့မှ ကြီးထွားမှု မရပ်သွားပါဘူး။ 

-မွေးဖွားချိန်မှာ အရိုး ၃၀၀ ခန့်ရှိပေမယ့် အရွယ်ရောက်လာချိန်မှာ အရိုးတွေက ၂၀၆ ချောင်းပဲ ရှိပါတယ်။ 

-လူ့ဦးခေါင်းခွံကို မတူညီတဲ့ အရိုး ၂၆ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။ 

-ဆံပင်တွေက လက်သည်းမှာ ရှိတဲ့ တူညီတဲ့ ဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

-နှာချေလိုက်တဲ့အခါ လူ့ခန္ဓာကိုယ် တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာ ရပ်သွားပါတယ်။ 

-လျှာဟာ လူ့ခန္ဓာကိုယ်မှာ အသန်စွမ်းဆုံး ကြွက်သားတွေပါ။ 
ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ခြောက်ကြိမ် ဆီးသွားလေ့ရှိပါတယ်။ 

အစာတွေက ပါးစပ်ကနေ အစာအိမ်ဆီသို့ရောက်ရှိဖို့ အချိန် ခုနစ်စက္ကန့်ကြာပါတယ်။ 

ကလေးတွေမှာ လူကြီးတွေထက် အရသာခံအဖုပိုရှိပါတယ်။ 
နှာချေလိုက်တဲ့အခါ လေဟာ တစ်နာရီ ၁၀၀မိုင်နှုန်းနဲ့ ပံျ့နှံ့သွားပါတယ်။

Sweson Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..