Need for Speed ဂိမ်းကို ရုပ်ရှင်အဖြစ် အသက်သွင်းလိမ့်မယ်လို့ ကြိုသိတဲ့ သူတွေကလည်း သိထားကြပါတယ်။ ယခု ရိုက်ကူးနေတာ တစ်ဝက် မကတော့ ပါဘူး။
လာမယ့် ၂၀၁၄ ဖေဖော်ဝါရီလမှာ ရုံတင်မယ့် ရုပ်ရှင် ဖြစ်ပါတယ်။ ဒီအတွက် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်သူကတော့ Aaron Paul ဖြစ် ပါတယ်။ အခြားသော မင်းသားနဲ့ ပြိုင်ကားမောင်း Racer များ လည်း ပါဝင်ပါသေးတယ်။ ကမ္ဘာ့အကုန်အကျအများဆုံး ရုပ်ရှင်လည်း ဖြစ်လာနိုင် ပါတယ်။ ဘာလို့လဲဆို ရုပ်ရှင်ထဲမှာ အသုံးပြုတဲ့ ပြိုင်ကား များဟာ ကမ္ဘာ့ အရှားပါးဆုံး၊ ဈေးအကြီးဆုံး တွေ ဖြစ်ပြီး Limited Edition တွေတောင် ပါဝင်ပါသေးတယ်။
အတိုက်အခိုက်၊အက်ရှင်များ၊ ပြိုင်ကား ဇာတ်ဝင်ခန်းများကို ရိုက်ကူးတာ အင်မတန် ခက်ခဲတယ်လို့ဆိုပါတယ်။ ဘာလို့လဲဆို တကယ် အမြန်မောင်းနေ တဲ့ ကားများကို လိုက် Capture ရတဲ့ အခြေအနေမို့ ဖြစ်ပါတယ်။ Bugatti Veyron, Lamborghini Aventador, Pagani Zondia တို့အပြင် အခြားသော ကမ္ဘာ့အမြန်ဆုံးကားများကိုလည်း မြင်တွေ့ရမယ့် Racing ရုပ်ရှင် ဇာတ်ကားပဲ ဖြစ်ပါတယ်။
.
ရိုက်ကူးမှု ဗီဒီယို ကြည့်ရှု ရန် -
http://www.viddler.com/v/96157343
ColayAutomobile
.
No comments:
Post a Comment