လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, June 25, 2013

ကမ္ဘာ့ မီဒီယာမှာ ရေပန်းစားနေတဲ့ Edward Snowden

အခု ရက်ပိုင်းမှာ ကမ္ဘာ့ မီဒီယာလောကမှာ ထိပ်တန်းက နေရာယူထားတာကတော့ ထွက်ပြေးတိမ်းရှောင်
နေတဲ့ အက်ဒ၀ပ် စနိုဒင် ( Edward Snowden) ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး ၀န်ထမ်းဟောင်းရဲ့ သတင်းပါ။ 



 အက်ဒ၀ပ် စနိုဒင်သတင်းဖော်ပြမှုတခု၊ ဓာတ်ပုံ- daily mail

သူဟာ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး အေဂျင်စီ ( NSA ) ရဲ့ လျှိုဝှက် ထောက်လှမ်းရေး အစီအစဉ်
တွေ ကို ထုတ် ဖော်ခဲ့သူလည်းဖြစ်ပါတယ်။ 
ဟောင်ကောင်ကနေ ရုရှားနိုင်ငံကို ရောက်နေတယ်လို့ ယူဆရသူ အသက် ၃၀ အရွယ် သာ ရှိသေးတဲ့ အက်ဒ၀ပ်စနိုဒင်ကို အမေရိကန် သမ္မတ ဘားရက် အို ဘားမားက ရုရှားဆီက လွှဲပြောင်းပေးဖို့ တောင်းဆို သလို သူ့ကို ဖမ်းဆီးနိုင်ဖို့ တရားနည်း လမ်း ပေါင်းစုံကိုလည်း အသုံးပြု သွားမှာလို့ ဆိုပါတယ်။ သူဟာ ဟောင်ကောင်မှာ ရှိစဉ်က အမေရိကန် ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်မှုအောက်ကနေ ပုန်းရှောင်နိုင်ခဲ့ပြီး ဟောင်ကောင်ကတဆင့် လေကြောင်းနဲ့ ရုရှားကို ရောက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဟောင်ကောင်က ထွက်ခွာသွားစဉ်က အမေရိကန် ထောက်လှမ်းရေးတွေ မျက်လုံးဒေါက်
ထောက် ကြည့်နေရဲ့သားနဲ့ သာမန် ခရီးသွား တယောက်လို ထွက်ခွာသွားနိုင်ခဲ့တာပါ။

တဖက်မှာလည်း သူဟာ ကျူးဘားကို ဆက်လက်ထွက်ခွာပြီး အီကွေဒေါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ယူဖို့ အစီအစဉ်ရှိသူပါ။ အီကွေဒေါ နိုင်ငံကတော့ သူ့ရဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာကို လက်ခံလိုက်ပြီး ဖြစ် တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 

အက်ဒ၀ပ် စနိုဒင်ရဲ့ အခုလို နာမည်ကြီး အမေရိကန် ထောက်လှမ်းရေးတွေကို ကျော်လွှား ရှောင်ရှားနိုင်နေ မှုဟာ အင်အား ကြီး အမေရိကန်ပြည်ထောင်စုကို အတော်ပဲ စိတ်ဆိုးစေနေတာပါ။ 

အမေရိကန် အစိုးရအပါအ၀င် တချို့ အစိုးရတွေရဲ့ လျှို့ဝှက် အချက်အလက်တွေကို ပေါက်ကြားစေခဲ့တဲ့ ၀ီကီလိခ် ၀က် ဆိုက်ကို တည်ထောင်သူ ဂျူလီယန် အာဆန်း (Julian Assange) ကတော့ အက်ဒ၀ပ် စနိုဒင်ဟာ အခုချိန်မှာ လုံခြုံ စိတ်ချ ရတဲ့ နေရာမှာ ရှိတယ်လို့ ပြောနေပါတယ်။ 

ဒါပေမယ့် သတင်းတွေကပဲ ပြောနေတာက သူ ဘယ်မှ ရှိတယ်နေတယ်ဆိုတာ လူတွေ သေသေချာချာ မသိရဘူးဖြစ်နေပါတယ်တဲ့။ ကျူးဘားက ထွက်လာတဲ့လေယာဉ်ကိုလည်း သူပါလာမလားလို့ စောင့်ကြည့် 
နေကြပါသေးတယ်လို့လည်း သတင်းတွေဆိုနေပါတယ်။

အမေရိကန် အိမ်ဖြူတော် အရာရှိကတော့ အက်ဒ၀ပ် စနိုဒင်ကို ရုရှားနိုင်ငံမှာ ရှိနေတယ်လို့ ယုံကြည်ပြီး သူလျိုမှုနဲ့ တရားစွဲ သွားနိုင်ရေး အမေရိကန်ကို ရုရှားက လွှဲပြောင်းပေးဖို့ မနေ့ကလည်း တိုက်တွန်း ပြော ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 
ဧရာဝတီ မှ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..