US ရဲ့ နောက်ဆုံးထုတ် နည်းပညာတမျိုးပါ။ Electronic Cigarette ဖြစ်
ပါတယ်။
နောက်ပိုင်း ဆေးလိပ်ကြိုက်သူတွေ၊ စတိုင်လ်ထုတ်ချင်တဲ့သူတွေ အကြိုက်
တွေ့မဲ့ electronic ပစ္စည်း ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဓိက
ကတော့ No Smoking Area တွေ၊ ဆေးလိပ်ငွေ့မခံနိုင်သူတွေအတွက်
ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။
တနည်းအားဖြင့် လူမှုဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မဲ့ electronic device လို့ ဆိုနိုင်ပါတယ်။
ဒီ E-Cigarette ဘာနဲ့တူလဲဆိုတော့ ရှေးတုန်းက သုံးတဲ့ ဆေးတံလိုပါပဲ။
ဆေးတံသောက်ဖို့ဆိုရင် အရင်ဆုံး ဆေးတံခွက်မှာ ဆေးဖြည့်၊ မီးညှိပြီး
အသုံးပြုရတာပါ။
သာမန်ဆေးတံနဲ့ ဘာကွဲပြားမှု ရှိသလဲ …
ဆေးတံ --- Cigarette Starter Kit ဖြစ်ပြီး၊
ဆေးတံဆေး --- Flavor Cartridges (အနံ၊အရသာမျိုးစုံရွေးချယ်နိုင်ပါတယ်)
Recharge battery ဖြစ်ပြီး ဆေးတံလို မီးညှိစရာမလိုပါဘူး။
အရွယ်အစားကတော့ စီးကရက်တစ်လိပ်ရဲ့အရွယ်တိုင်းသာ ဖြစ်ပြီး၊ Starter Kit မှာ တပ်ဆင်သုံးရမှာ ဖြစ်ပါတယ်။
E-Cigarette ရဲ့ အားသာချက်ကတော့ အလိုအလျောက်အငွေ့ပြန်သွား
မှာ ဖြစ်သဖြင့် သာမန်စီးကရက်တွေလို ပြာမဖြစ်ဘူး၊ သောက်သုံးသူမှ
လွဲရင် ဆေးနံ့ကို မရနိုင်ဘူး၊ နေရာမရွေး သောက်သုံးဖို့ သင့်တော်နိုင်သလို
စီးကရက်ဘူးတွေ ၀ယ်ယူတဲ့ စရိတ်ထက် ထက်ဝက်လောက်သက်သာနိုင်
တယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားသူများအနေဖြင့် ဒီလင့်မှာ http://www.blucigs.com/premium-starter-kits E-Cigaretteရဲ့ အကြောင်းကို ထပ်မံလေ့လာနိုင်
ပါတယ်။
MM Social Sky
No comments:
Post a Comment