လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, June 18, 2013

" ဂီတနဲ့ ရုပ်ရှင် နှစ်ဘက်လှအောင်မြင်တဲ့အမျိုးသမီးအနုပညာရှင် ထွန်းအိန္ဒြာဗို "

รูปภาพ : " ဂီတနဲ့ ရုပ်ရှင် နှစ်ဘက်လှအောင်မြင်တဲ့အမျိုးသမီးအနုပညာရှင် ထွန်းအိန္ဒြာဗို "
Tuesday, June 18, 2013

သားဖြစ်သူ အောင်ဗိုကောင်းသန့် ကျောင်းပိတ်တိုင်း အမြဲတမ်းအပန်းဖြေခရီးလိုက်ပို့ပေးတတ်တဲ့ ထွန်းအိန္ဒြာဗိုက ဇွန်လ ၃ရက်နေ့ ကနေ ၈ ရက်နေ့အထိစင်ကာပူကို မိသားစုအပန်းဖြေခရီးထွက် ဖြစ်ခဲ့ပါတယ်။

သားကို စင်ကာပူလိုက်ပို့တာ ၁ဝ ကြိမ်မြောက်ရှိနေပြီဖြစ်ပြီးသားက သိတတ်နားလည်တဲ့အရွယ်ရောက်လာပြီဖြစ်တာကြောင့် အရင် တစ်ခေါက်တွေနဲ့မတူဘဲ ပျော်ခဲ့ရကြောင်းကို ထွန်းအိန္ဒြာဗိုက ” ဒီတစ်ခေါက်တော့ သူသေချာနားလည်ပြီလေ။ ရှေ့အခေါက်တွေထက် အများကြီးကွာသွားပြီ။ သူတကယ် Enjoy ဖြစ်တတ်ပြီ။

ရှေ့အခေါက်တွေတုန်းကတော့ မိသားစုလေးခရီးထွက်တယ်ဆို တာကိုပျော်ရတာပေါ့။ ဒီတစ်ခေါက်ကျတော့ သူကိုယ်တိုင်နားလည်ပြီးတော့ သူလုပ်ချင် တာကို သူတောင်းဆိုတတ်ပြီ။ ကျွန်မတို့ကလည်း သူလိုချင်တာကိုပေးရတဲ့အတွက် ပျော်တာပေါ့။ ရေခဲပေါ်မှာ စကိတ်စီးတာဆိုရင်ထပ်စီးချင်လို့ ထပ်သွားရသေးတယ်။ ကျွန်မတို့
ဘာသာကျွန်မတို့ဆိုရင် တစ်ခေါက်ပဲပို့ပေးမှာလေ။ ရှောပင်းကတော့ နည်းနည်း ပါးပါးပဲထွက်ခဲ့ရတယ်။ Discount တွေကတော့ ချနေတဲ့အချိန်ပဲ။ သားသားအတွက်တော့ အများကြီးဝယ်ပေးဖြစ်တယ်” လို့ ထွန်းအိန္ဒြာဗိုကပြောပါတယ်။

ထွန်း အိန္ဒြာဗိုကအမေရိကကိုဖျော် ဖြေရေးခရီးစဉ်ကို အားလုံး စိတ်ကြိုက်ရက်ရွှေ့ဆိုင်းထား ပြီး ဒီနှစ်ထဲ မှာတော့သွားဖို့ မရှိကြောင်းပြော ပါ တယ်။ ထွန်းအိန္ဒြာ ဗိုကမြန်မာ အမျိုး သမီးရေးရာရှိုးပွဲမှာ သီချင်းသီဆိုပေး ဖြစ် ပြီးရှိုးတော့ မလျှောက် ဖြစ်ဘူးလို့ပြောပါတယ်။ ခရီးထွက်နေတာတွေနဲ့ ကြုံကြုံနေတာကြောင့်ဒီ ရှိုးပွဲမှာ မပါဖြစ်ဘဲအခုမှဒီပွဲမှာ သီချင်းဆို တာဟာ ဒုတိယအကြိမ်မြောက် ဖြစ် ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ ”

ဒီပွဲကတော့ မြန်မာဝတ်စုံတွေ အတွက် ပရိုမိုးရှင်းပေါ့။ ခေတ်ရေစီး ကြောင်းတွေနဲ့ ဘယ်လိုပဲ ဝတ်ဝတ်ကိုယ့် ယဉ်ကျေးမှုဝတ်စုံလေးကို မမေ့မလျော့ အောင် လုပ်တဲ့ပွဲမျိုး ဖြစ်တဲ့အတွက် ကောင်းပါတယ် ” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..