လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, June 22, 2013

ဂျပန် ယာကူဇာဟောင်းများအတွက် လက်ချောင်းများ ဖန်းတီးပေးသည့် ပညာရှင်

Photo: ဂျပန် ယာကူဇာဟောင်းများအတွက် လက်ချောင်းများ ဖန်းတီးပေးသည့် ပညာရှင်

22.6.2013

အမှားတစ်ခုခု ကျူးလွန်တိုင်း လက်တစ်ဆစ် ဖြတ်လေ့ရှိတဲ့ နာမည်ကျော် ယာကူဇာ ဂိုဏ်းရဲ့ အပြစ်ပေးပုံစံကြောင့် လက်ရှိအချိန်မှာ လက်ချောင်းတွေဆုံးရှုံး ထားတဲ့ ယာကူဇာ ဂိုဏ်းဝင်ဟောင်းတွေအတွက် လက်ချောင်းအတုတွေကို ဂျပန်ခြေတု လက်တု ပညာရှင်ဖြစ်သူ Shintaro Hayashi က ဖန်တီးပေးလိုက် ပါပြီ။

Hayashi ရဲ့ ရည်မှန်းချက်ကတော့ ယာကူဇာ ဂိုဏ်းဝင်တွေအနေနဲ့  သူတို့ ရဲ့ အတိတ်ကနေ ရုန်းထွက်နိုင်ပြီး အလုပ်အကိုင် သစ်တွေကို ပိုမိုရရှိလာဖို့ ရည် ရွယ်ပါတယ်။ ယာကူဇာ ဂိုဏ်းရဲ့တင်းကျပ်တဲ့ အပြစ်ပေး နည်းကိုတော့ " yabitsume" လို့ ခေါ်ပြီး၊ ဂိုဏ်းက သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက် ခဲ့ရင်တော့ လက်တစ်ဆစ် ဖြတ် အပြစ် ပေးတာပါ။ အမှားတစ်ခု အတွက် လက်တစ်ဆစ် ဆိုပေမယ့် အချို့ ဂိုဏ်းဝင်တွေက အမှားထပ်ကာ ထပ်ကာ ကျူးလွန်တာကြောင့် လက်ဆစ်တော်တော်များများ ဆုံးရှုံး ထားပါတယ်။

ယာကူဇာ ဂိုဏ်းဆိုတာက ဂျပန်နိုင်ငံမှာ ကြောက် ရွံမုန်းတီးစရာအကောင်းဆုံး လူဆိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်တာကြောင့် ယာကူဇာ ဂိုဏ်းဝင်တွေသာ အများစု ဖြစ် နေလေ့ရှိတဲ့ လက်ချောင်းမရှိသူတွေဟာ အလုပ်အကိုင်ရှာဖွေဖို့  ခက်ခဲပါတယ်။ ဒါကြောင့် ဒီလိုလူတွေကို အလုပ်အကိုင်တွေ ရရှိလာပြီး၊ သာမန် လူပတ်ဝန်းကျင်ကို ပြန်လည် ၀င်ရောက်နိုင်ဖို့ အတွက် ယာကူဇာ ဂိုဏ်းဝင်ဟောင်းတွေကို လက်ချောင်းတုတွေ တပ်ဆင်ပေးနေတာ ဆယ်စုနှစ် တစ်စု ရှိနေပါပြီ။

(စည်သူနေနိုင်)
Guide

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..