အိန္ဒိယ နိုင်ငံသည် ကာကွယ်ရေး ပစ္စည်းများ လိုအပ်ချက်နှင့် ပတ်သက်ပြီး ပြည်ပ နိုင်ငံများ အပေါ် မှီခို နေရခြင်းများကို လျှော့ချမည် ဆိုပါက ပြည်တွင်းရှိ ကာကွယ်ရေး စက်မှုလုပ်ငန်းများ အတွ က် အခွင့် အလမ်းများ ပွင့်လာမည် ဖြစ်ပါသည်။ အလတ်စား ဘက်စုံသုံး တိုက်လေယာဉ်များ ဝယ်ယူရေး အစီအစဉ် သည်လည်း မကြာမီ အချိန်အတွင်း အပြီးသတ် ရွေးချယ်မှုများ ဆောင် ရွက်တော့မည် ဖြစ်ပါသည်။
အိန္ဒိယ အစိုးရ အနေဖြင့် HAL ကဲ့သို့သော ပြည်တွင်း ကုမ္ပဏီများ အပေါ်သာ အဓိက မှီခိုအား ထားမည် ဆိုပါက အဆင့်မြင့် နည်းပညာများကို ရရှိနိုင်မည် မဟုတ်ပေ။ အလတ်စား ဘက်စုံသုံး တိုက် လေယာဉ်များ ဝယ်ယူရေး စာချုပ် တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်၍ ရင်းနှီးမြှုပ်နှံရမည့် သတ်မှတ်ချက် ပါရှိသောကြောင့် ဤစာချုပ် သည် အိန္ဒိယ နိုင်ငံအတွက် အလွန် အရေးပါသည့် စာချုပ်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံရှိ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်သည့် စက်မှု လုပ်ငန်းများသည် အဆင့်မြင့် နည်းပညာများကို လွှဲပြောင်း ရရှိနိုင်မည် ဖြစ်ပါသည်။
လေကြောင်း အာကာသဆိုင်ရာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများသည် အများ အားဖြင့် အမေရိကန်နှင့် ဥရောပ နိုင်ငံများတွင်သာ ရှိပါသည်။ သို့သော် မျက်မှောက် ကာလတွင် အဆိုပါ နိုင်ငံများ၌ ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အပြင် ဖြေရှင်းနိုင်သည့် အရိပ် လက္ခဏာ မတွေ့ ရှိရသေးပေ။ ထို့ကြောင့် အိန္ဒိယ နိုင်ငံ၏ အလတ်စား ဘက်စုံသုံး တိုက်လေယာဉ် ဝယ်ယူရေး အစီ အစဉ်သည် အမေရိကန်နှင့် ဥရောပ နိုင်ငံများအား များစွာ ဆွဲဆောင်လျက် ရှိပါသည်။
အမေရိကန် အစိုးရသည် ကာကွယ်ရေး အသုံးစရိတ်များနှင့် ပတ်သက်ပြီး အများအပြား လျှော့ချ မှုကို ပြုလုပ်လျက် F-22 တိုက်လေယာဉ်နှင့် F-35 တိုက်လေယာဉ် စီမံကိန်းများသည် နည်းပညာဆိုင်ရာ ပြဿနာများ အပြင် ကာကွယ်ရေး အသုံးစရိတ် ဖြတ်တောက်မှုများကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင် ရလျက် ရှိပါသည်။ အမေရိကန် အနေဖြင့် အိန္ဒိယ နိုင်ငံအား F-35 တိုက်လေယာဉ်များ ရောင်းချရန် ကမ်းလှမ်းမှုသည် လက်ရှိ ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်းနှင့် ယခင်က အိန္ဒိယ နိုင်ငံအပေါ် နည်းပညာ လွှဲပြောင်းပေးမှု ကန့်သတ်ချက်များ ကို ဖြေလျှော့ ပေးလိုသောကြောင့်
ဖြစ်ပါသည်။
ဗြိတိန် နိုင်ငံသည်လည်း လာမည့်လ
အနည်းငယ်အတွင်း ကာကွယ်ရေး အသုံးစရိတ်များကို ဖြတ်တောက်
လျှော့ချမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ကာကွယ်ရေး အသုံး စရိတ်
ဖြတ် တောက်ရေး အစီအစဉ်တွင် လာမည့် ၁ဝ စုနှစ်အတွင်း ၁ဝ ရာခိုင်နှုန်းခန့်
ဖြတ်တောက် လျှော့ချခြင်းအား ဖြင့် စတာလင်ပေါင် နှစ်ဘီလီယံခန့်
ချွေတာနိုင်မည် ဖြစ်ပါသည်။ အသုံးစရိ တ် ဖြတ်တောက်မှု၏ အစိတ် အပိုင်း တစ်ရပ်
အနေဖြင့် ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် Harrier GR9 တိုက်လေယာဉ် ၆၃ စီး စတင်
လျှော့ချ ခဲ့ပါသည်။ အဆိုပါ တိုက်လေယာဉ်များသည် ရေ တပ်တွင် သမိုင်း
အစဉ်အလာရှိသော လေယာဉ် များဖြစ်ပြီး အမေရိကန် ရေတပ်မှ လျှော့ဈေးဖြင့်
ဝယ်ယူမည်ဟု သိရှိ ရပါသည်။ ပင်လယ်ပြင် စောင့်ကြည့် ထောက်လှမ်းခြင်းနှင့်
အီလက်ထရွန်း နစ် ထောက်လှမ်းရေး လုပ်ငန်းများတွင် အဓိကထား အသုံးပြုလျက်
ရှိသော Nimrod MRA4 လေယာဉ်အုပ် ၄ အုပ်ကိုလည်း လာမည့်နှစ်များ အတွင်း အနား
ပေးသွားမည်ဖြစ် ပါသည်။ အဆိုပါ လေယာဉ်များ နေရာတွင် အမေရိကန် နိုင်ငံလုပ်
KC-135 လေယာဉ်များနှင့် အစားထိုး မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း အပြီး
ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ဗြိတိန် ရေတပ် တွင် အသုံးပြုလျက်
ရှိသော HMS Arc Royal လေယာဉ်တင် သင်္ဘောကိုလည်း အနား ပေးထားပြီး ဖြစ်သည့်
အပြင် ၂ဝ၁၄ ခုနှစ်တွင်လည်း HMS Illustrious လေယာဉ်တင် သင်္ဘောကိုလည်း ဆက်လက်
အနားပေး သွားမည်ဖြစ်ပါသည်။ ထိုသို့ လေယာဉ်များနှင့် လေယာဉ်တင် သင်္ဘောများအား
အနားပေးခြင်း အားဖြင့် ပိုလျှံလာသော အရပ်သား ဝန်ထမ်း ၂၅ဝဝဝ နှင့်
စစ်မှုထမ်း ၁၇ဝဝဝ ခန့် အလုပ်လက်မဲ့ ဖြစ်နိုင်ခြေများ ပါ သည်။ အဆိုပါ
ဝန်ထမ်းများသည် လုပ်ငန်းအလိုက် ကျွမ်းကျင်သူများ ဖြစ်သောကြောင့် ဗြိတိန်
နိုင်ငံရှိ ကာကွယ်ရေး စက်မှုလုပ်ငန်းများ အတွက် အများအပြား ထိခိုက်
နစ်နာမှုများနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ ဂျာမနီ နိုင်ငံသည်လည်း ကာကွယ်ရေး
အသုံးစရိတ် လျှော့ချသည့် အနေဖြင့် ကာကွယ်ရေး အင်အားကို ၂၂ဝဝဝဝ မှ ၁၈၅ဝဝဝ
အထိ လျှော့ချရန် စီစဉ်လျက် ရှိပါသည်။
အခြားသော မိတ်ဖက်နိုင်ငံများ
ဖြစ်သည့် စပိန်၊ အီတလီနှင့် ဂျာမနီနိုင်ငံ တို့သည်လည်း အလားတူ
အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိပါသည်။ Eurofighter တိုက်လေယာဉ်
ထုတ်လုပ်သည့် နိုင်ငံများသည် တစ်ပတ်ရစ် Eurofighter တိုက်လေယာဉ်များကို
ချက်ပြည်သူ့ သမ္မတ နိုင်ငံသို့ ၃ဝ-၄ဝ% လျှော့ဈေးဖြင့် ရောင်းချရန်
ကမ်းလှမ်းထားပါသည်။ အဆိုပါ အခွင့် အရေးသည် ကြုံတောင့်ကြုံခဲ ဖြစ်သော်လည်း
အဆိုပါ ကမ်းလှမ်းမှု အပေါ် စိတ်အား ထက်သန်မှု အားနည်းလျက် ရှိပါသည်။
ထို့ကြောင့် စက်ရုံများ ဆက်လက် ရပ်တည်နိုင်ရေး အတွက် ဆော်ဒီ အာရေဗီးယား
နိုင်ငံနှင့်လည်း ဆက်သွယ်လျက် ရှိပါသည်။ Eurofighter တိုက်လေယာဉ်သည် စပိန်၊
အီတလီ၊ ယူကေနှင့် ဂျာမနီ နိုင်ငံများ အကျိုးတူ ပေါင်းစပ်ပြီး ထုတ်လုပ်နေ
သည့် လေယာ ဉ်ဖြစ်ပါသည်။ ထို့ကြောင့် လေယာဉ် အမှာစာများ မရှိလျှင်သော်
လည်းကောင်း သို့မဟုတ် ပေးပို့ရန် နှောင့်နှေးကြန့်ကြာ လျှင်သော်လည်းကောင်း
မိတ်ဖက်နိုင်ငံများ အားလုံး အပေါ်လည်း ရိုက် ခတ်မှု ရှိပသည်။
ဗြိတိန်နိုင်ငံ ကာကွယ်ရေးနှင့်
လုံခြုံရေးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှု အဖွဲ့အစည်းမှ ဥက္ကဌ
ဖြစ်သူ Richard Paniguian က ပြည်တွင်း ကုမ္ပဏီများနှင့် အတူ ပူးပေါင်း
ဆောင်ရွက်နေသော မိတ်ဖက် ကုမ္ပဏီများ၏ အဓိက ဈေးကွက်သည် ဗြိတိသျှ ကာကွယ်ရေး
ပစ္စည်းတင်ပို့ သူများ၏ လက်ဝယ်တွင် ရှိ ကြောင်း ပြောကြား ခဲ့ပါသည်။
ထို့ကြောင့် သမား ရိုးကျ ဆောင်ရွက်နေသော နည်းလမ်းများကို စွန့်လွှတ်ပြီး
တိုက်ရိုက် ရောင်းချသည့် စနစ်ဖြင့် အစားထိုး ဆောင်ရွက်သွားဖွယ် ရှိပါသည်။
ဗြိတိန် နိုင်ငံသည် လက်ရှိ ရင်ဆိုင်နေရသော အခက် အခဲကို ကျော်လွှားနိုင်ရန်
အတွက် အိန္ဒိယ၊ ဆော်ဒီအာရေဗီးယား အစရှိသည့် နိုင်ငံများ အပေါ် အဓိက
ပစ်မှတ်ထားပြီး ကာကွယ်ရေး ပစ္စည်းများ ရောင်းချမှုကို ဆောင်ရွက်လျက် ရှိပါ
သည်။ အဆို ပါ ကာကွယ်ရေး ပစ္စည်း ရောင်းချမှု အစီအစဉ် များထဲတွင် Typhoon
တိုက်လေယာဉ်သည် အဓိက အခန်း ကဏ္ဍမှ ပါဝင်လာဖွယ် ရှိပါသည်။
အိန္ဒိယ နိုင်ငံ၏ စီးပွားရေး
အခြေအနေသည် ဆက်လက်တိုးတက် နေသောကြောင့် ကာကွယ် ရေး ပစ္စည်း ဝယ်ယူမူ ပမာဏမှာ
အလွန်များပြား ပါသည်။ သို့သော် အိန္ဒိယ နိုင်ငံသည် ကာကွယ်ရေး ပစ္စည်း
ထုတ်လုပ်သည့် ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး
ကန့်သတ်ချက် တင်းကျပ်လွန်းသော ကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ
အလုံးအရင်းဖြင့် ဝင်ရောက်လာ ဖွယ် မရှိသေးသဖြင့် အခြား နည်းလမ်း များကိုလည်း
စဉ်းစားရွေးချယ် ထားသင့်ပါသည်။
အိန္ဒိယ ပြည်တွင်း ကုမ္ပဏီများ
ဖြစ်သည့် Tata၊ L&T နှင့် Mahindra Defence ကဲ့သို့သော ကာ ကွယ်ရေး
ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများသည် အမေရိကန်နှင့် ဥရောပရှိ ကုမ္ပဏီ
များနှင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်လာဖွယ်
ရှိပါသည်။ RQ-1 Predator နှင့် RQ-9 Reaper မောင်းသူမဲ့ လေယာဉ်များ
ထုတ်လုပ်သည့် နိုင်ငံခြား ကုမ္ပဏီများဖြစ်သော General Atomics၊ EADS နှင့်
BAe အစ ရှိသော ကုမ္ပဏီများ ဝင်ရောက် ရင်းနှီးမြှုပ်နှံ နိုင်ပါသည်။
ထို့ကြောင့် အရေးပါသော ဝယ်ယူရေး စာချုပ်များမှ တစ်ဆင့် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်မှုနှင့် နည်းပညာ လွှဲပြောင်း ရယူနိုင်မည့် အခွင့်အရေး များကို ရရှိ
နိုင်မည် ဖြစ်ပါသည်။ ==== ။
No comments:
Post a Comment