လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, June 17, 2013

သင်္ဘောများအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေပြင်များ ထုတ်ပြန်ကြေညာ

Photo: သင်္ဘောများအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေပြင်များ ထုတ်ပြန်ကြေညာ
==========================================

17-6-2013

ကမ္ဘာ့ရေပြင်ဧရိယာများ စောင့်ကြည့် လေ့လာရေးအဖွဲ့ (WWF)သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက မတော်တဆမှု ဖြစ်နိုင်ခြေ အမြင့်ဆုံး အ ခြေအနေတွင် ရှိ သော ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေပြင်ဒေသ များကို ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရ သည်။

အဆိုပါ ရေပြင်ဒေသများမှာ တောင် တရုတ် ပင်လယ် (South China Sea)၊ မြေထဲပင်လယ် (Mediter-ranean Sea)နှင့် မြောက် ပိုင်းပင်လယ် (North Sea)တို့ ဖြစ်ပြီး၊ ယင်းတို့ အနက် တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေး ထွက်ရှိမှု အားလုံး၏ လေးပုံ၊ သုံးပုံခန့် ထွက်ရှိရာ ဒေသဖြစ်သော အရှေ့အိန္ဒိယ (East Indies) နှင့် တောင် တရုတ်ပင်လယ် တို့မှာ အန္တရာယ် အကြီးမား ဆုံး ရေပြင်များဖြစ်ကြောင်း ကို သိရှိရပါသည်။

၁၉⁠၉၉ ခုနှစ်မှ ယနေ့ကာလ အထိ အဆိုပါ ရေပြင်များတွင် မတော်တဆမှု ဖြစ်ပွားခဲ့ သော ရေယာဉ် အရေ အတွက်စုစုပေါင်းမှာ ၁၂၉စင်း အထိရှိ ကြောင်းကို အဆိုပါ (WWF)အဖွဲ့၏ အဆိုအရ သိရပါသည်။

myanmarict.com

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..