လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, June 5, 2013

မလေးရှားတွင် မြန်မာအလုပ်သမားများကို စီမံချက်ဖြင့် ဖမ်းဆီး

 
ဒီနေ့မနက်ပိုင်းကစပြီး  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှား ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြန်မာအလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးထိန်းသိမ်းနေတယ်လို့ မြန်မာလူမှုရေးအဖွဲ့တွေက ပြောပါတယ်။ကွာလာလမ်ပူမြို့ပေါ်က
 မြန်မာဆိုင်တွေကို ၀င်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ညနေပိုင်းထိ မြန်မာ ၁၀၀၀ လောက် ဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ဦးသီဟက ပြောပါတယ်။
“ကျနော်က ရဲဌာနကို ရောက်နေတယ်။ ကျနော့်အသိတယောက်က သူ့ကို လာထုတ်ပါလို့ ပြောတော့ သူ့ပတ်စပို့နဲ့ သွားထုတ်တော့ အထုတ်မခံဘူး။ လက်ရှိတွေ့ခဲ့ရတာ အထဲမှာ လူ အယောက် ၁၀၀၀ လောက်ရှိမယ်။ အခုပြောနေရင်းနဲ့ ရဲကားတွေ ၀င်လာတယ်။ အော်ပရာစီလို့ ခေါ်တဲ့ စီမံချက်ကားတွေ ၂ စီးပြီး ၂ စီး ၀င်လာတယ်။ ကျနော်ရှိနေချိန် ၀င်လာတာ ၆ စီးလောက်ရှိပြီ၊ ကျနော်ရောက်နေတာက ၁ နာရီခွဲလောက်ရှိပြီ။”

မလေးရှားနိုင်ငံမှာ  မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရတာတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ဇွန် ၄ ရက်နေ့က  သတိပေးထောက်လွှာ ပေးအပ်ခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာ အခုလို မြန်မာနိုင်ငံသားတွေကို စီမံချက်ချ ဖမ်းဆီးတာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်တာတွေ စတင် ဖြစ်ပွားခဲ့တဲ့ ဆလာရမ်းဈေးဘက်မှာ မနေ့ညကတည်းက ဖမ်းဆီးမှုတွေ စတင်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ကွာလာလမ်ပူမြို့က မြန်မာဆိုင်တွေရှိတဲ့ မဟာနန်း၊ မဟာနန်းအောက်ဘက်က မြန်မာရွာနဲ့ မောရှမ်းစတဲ့ နေရာတကြော ၀င်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အထောက်အထားရှိသူတွေရော၊ မရှိသူတွေကိုပါ ဖမ်းဆီးနေတာဖြစ်ပြီး လတ်တလော လွှတ်ပေးမှာ မဟုတ်သေးဘဲ စစ်ဆေးမေးမြန်းပြီးမှ လွှတ်ပေးမယ်လို့ သက်ဆိုင်ရာရဲစခန်းက ပြောကြောင်း သိရပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတိပေးထောက်လွှာထဲမှာ မလေးရှားရောက် မြန်မာတွေ အကြမ်းဖက် တိုက်ခိုက်ခံနေရတာကို ချက်ချင်းစုံစမ်းဖော်ထုတ်ပေးဖို့၊ ပြစ်မှုကျုးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ ထပ်ပြီးမဖြစ်အောင် မလေးရှားအစိုးရက လုပ်ဆောင်ပေးဖို့ သတိပေး ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးရှားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း မြန်မာ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃ သိန်းလောက် ရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။

 by ရွှေအောင် (ဒီဗွီဘီ)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..