မြန်မာနိုင်ငံကနေ လှေတွေနဲ့လာပြီး သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းဖို့ ရောက်ရှိလာသူတစ်ဦးဟာ သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းကို ရောက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက အသက် ၅၂ နှစ်အရွယ် အမျိုးသားဟာ ခိုလှုံခွင့်တောင်းလိုသူတွေကို ထိန်းသိမ်းထားတဲ့ ခရစ္စမတ်ကျွန်းကို ရောက်ပြီး မကြာခင်မှာပဲ ဆေးရုံပို့ဆောင်ခဲ့ရပြီးနောက် သေဆုံးသွားတာ ဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောပါတယ်။
ဒီလို ရုတ်တရက်သေဆုံးသွားတဲ့အပေါ် လူဝင်မှုကြီးကြပ်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး ခုလောလောဆယ်အချိန်အထိ သံသယဖြစ်စရာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ကွယ်လွန်သူ မိသားစုကိုလည်း လူဝင်မှုကြီးကြပ်ရေးက နှစ်သိမ့်ပြောဆိုမှုတွေ လုပ်ခဲ့ပြီး ကွယ်လွန်သူနဲ့အတူ ရှိနေခဲ့တဲ့ ထိန်းသိမ်းရေးစခန်းက ခိုလှုံခွင့်တောင်းလိုသူတွေကိုလည်း စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အကူတွေ ပေးနေတယ်လို့ သိရပါတယ်။
ABC Radio Australia
သြစတြေးလျနိုင်ငံကို ခိုးဝင်လာတဲ့ လှေတစ်စီးပေါ်က ခိုလှုံခွင့်တောင်းလိုသူများ

No comments:
Post a Comment