လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, June 25, 2013

ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး

Photo: ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး
Tuesday, June 25, 2013

ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့ . . . .

အမေရိကန် နိုင်ငံတွင် (၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်ကို ဒေသဆိုင်ရာ စုံထောက်အဖွဲ့ တာဝန်ရှိသူများက သွားရောက် လေ့လာခဲ့ပြီးနောက် အစောပိုင်းက ကလေးမလေး၏ မိခင်ကို ဒုတိယအဆင့် သတ်မှတ်ချက် လူသတ်မှု စွဲချက်ဖြင့် တရားစွဲဆိုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

နောက်ပိုင်းတွင်မူ တနင်္ဂနွေနေ့ နံနက်ပိုင်းက ကလေးမလေး၏ သေဆုံးမှုမှာ မတော်တဆ ဖြစ်ရပ်ဟုသာ ရဲများက ကောက်ချက်ချခဲ့သည်။ ရဲတပ်ဖွဲ့သည် ကလေးမလေးကို သူမ၏ အိပ်ခန်းထဲတွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာကြီးဖြင့် ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့နောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့သော်လည်း အသက်မမီခဲ့ချေ။ ထို့နောက်တွင်မူ ရဲများက ဖြစ်စဉ်အတွင်း ကလေးမလေးသည် နေအိမ်ထဲတွင် တစ်ဦးတည်း ရှိနေပြီး .38 Revolver ပစ္စတို တစ်လက်ကို ယူဆော့မိရာမှ ယခုလို အဖြစ်ဆိုး ကြုံခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ကလေးမလေး၏ မိခင်က သူမသည် အနီးရှိ စတိုးဆိုင် တစ်ခုသို့ ခေတ္တမျှ သွားရောက်စဉ် သေနတ်သံ ကြားရသဖြင့် ပြန်ပြေးလာရာ သမီးဖြစ်သူကို သေနတ်ဒဏ်ရာဖြင့် တွေ့ခဲ့ရခြင်းဟု ထွက်ဆိုခဲ့သည်။ ရဲများသည် သက်သေခံ သေနတ်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သည် မိသားစု၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ငဲ့ညှာသဖြင့် ကလေးမလေး၏ အမည်ကို ဖော်ပြခြင်း မပြုခဲ့ချေ။ ကလေးမလေး၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် ခွဲစိတ်စစ်ဆေးမှု ပြုလုပ်မည်ဟုလည်း သိရှိရသည်။ 

Planet.com.mm

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..