လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, June 8, 2013

၁၀ တန်း အောင်စာရင်း အွန်လိုင်းက ကြည့်ကြမယ် မသိသေးသူးများအတွက်အဆင်ပြေတာပေါ့

၂၀၁၂ စာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ( ဆယ်တန်း) ဖြေဆိုထားသူများနဲ့ ကျောင်းသား မိဘတွေ အနေနဲ့ အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်လို့ ရတော့မှာဖြစ်ပါတယ်။ 


မနက်ဖြန် ထွက်မယ့် အောင်စာရင်းကို ပညာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနကနေ 
( http://moemyanmar.net/education/result-search-2012.php ) အင်တာနက်လိပ်စာကို သွားပြီး မိမိရဲ့ စာစစ်ဌာနနဲ့ ခုံနံပတ်ကို ရိုက်ထည့်လိုက်ရင် အောင်စာရင်းကို ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ 

"ဖြေဆိုသူ၏ စာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်ကို မြန်မာဘာသာ(Zawgyi-One Font, Myanmar2 Font, Myanmar3 Font)ဖြင့် ရိုက်ထည့်ပါ"


ယခုနှစ်မှ စတင်လိုက်တဲ့ ဆယ်တန်းအောင်စာရင်း အွန်လိုင်း မှ ကြည့်နိုင်တဲ့ စနစ်ကို ကျောင်းသား၊ 
ကျောင်းသူများနဲ့ ကျောင်းသားမိဘတွေအနေနဲ့ အချိန်မကုန်ပဲ၊ လူမပင်ပန်းပဲ မနက်အစောကြီး တန်းစီ ကြည့်ရတဲ့ ဒုက္ခတွေက ကင်းဝေးသွားမှာဖြစ်လို့ အကြိုက်တွေ့ကြမယ် ထင်ပါတယ်။ 

ရင်ခုန်စွာ စောင့်ဆိုင်းနေကြတဲ့ အောင်စာရင်း သိလိုသူတွေအတွက် အင်တာနက် အမြန်နှုန်းကောင်းဖို့ ဆုတောင်းထားကြမှ ဖြစ်မယ် ထင်ပါတယ်။ 


အိမ့်သံစဉ် ~ 
ဧရာဝတီ မှ 

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..