
မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ထိုင်းဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တိုဝီချွတ်ချိုင်းကူက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့အာရှ-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင်
အဆိုပါ ကမ်းလှမ်းမှုကို ထိုင်းကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဆူရာပွန်က ပြောကြားခဲ့သည်။
အဆိုပါ ကမ်းလှမ်းမှုကို မိမိတို့ အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆူရာပွန်အား ပြန်လည်ပြောကြားထားကြောင်း သိရသည်။
မြန်မာဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထာက ၁၅၆၃ ခုနှစ်တွင် ဆင်ဖြူတော်တစ်စီး လက်ဆောင်ပဏ္ဏာအဖြစ် တောင်းခံမှုကို ယိုးဒယားဘုရင် မဟာချက်ကရာပတ်က ငြင်းဆိုခဲ့သောကြောင့် အယုဒ္ဓယမြို့ကို သွားရောက်သိမ်းပိုက်ခဲ့ပြီး အဆိုပါ စစ်ပွဲကို "ဆင်ဖြူတော်စစ်ပွဲ" ဟု သမိုင်းများတွင် ဖော်ပြထားသည်။
Ref:The Nation
Eleven
No comments:
Post a Comment