လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, May 25, 2013

ထိုင်းနိုင်ငံထုတ် ငန်ပြာရည်တချို့ စိတ်မချရThai Fish Sauce unsafe

Photo: Thai Fish Sauce unsafe ထိုင်းနိုင်ငံထုတ် ငန်ပြာရည်တချို့ စိတ်မချရ


• ထိုင်းနိုင်ငံထုတ် ငန်ပြာရည်အများစုထဲမှာ အထားခံအောင်ထည့်ရတဲ့ဓါတ်တွေ လွန်ကဲပြီးပါနေတယ်လို့ ၉-၅-၂ဝ၁၃ နေ့ထုတ် နေးရှင်းသတင်းစာမှာ ရေးလိုက်ပါတယ်။ အဲဒီ ဓါတ်တွေဟာ စိတ်ချရမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။ 
• ထိုင်းနိုင်ငံ Department of Medical Sciences (DMS) ဆေးသိပ္ပံဌာနကနေ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ Fish sauces ငန်ပြာရည်နဲ့ Mixed fish sauces ငန်ပြာရည်အရော အမျိုးမျိုးကို လေ့လာမှုလုပ်ခဲ့တာပါ။ 
• စက်ရုံပေါင်း ၁၁၈ ကနေထုတ်တဲ့ နမူနာပေါင်း ၄၇၁ ခုကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီနဲ့ မတ်လတွေထဲမှာ စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 
• ငန်ပြာရည် ၂၄၂ မျိုးက ဘတ်ငွေ ၁ဝ ကနေ ၄၅ အထိပေးရပြီး။ ၂၂၉ မျိုးကတော့ အရောဖြစ်ပြီး ၆ ဘတ်ကနေ ၁၈ ဘတ် သာပေးရပါတယ်။ 
• စမ်းသပ်မှုအဖြေကတော့ ငန်ပြာရည် ၆၂့၈% နဲ့ အရောထဲက ၃၇့၁% တို့ဟာ စံချိန်မီတယ်။ 
• ၂၁ ဘတ်ကနေ ၂၉ ဘတ်ပေးရတာထဲမှာ ၄၅့၎% သာ စားသုံးဘို့သင့်တာတွေ့ရပါတယ်။ 
• ၃၆% ထဲမှာ Glutamic acid (ဂလူတားမစ်အက်စစ်) ထဲက နိုက်ထရိုဂျင်ဟာ စံချိန်ထက် မြင့်နေတယ်။ ၉့၁% က နိမ့်နေတယ်။ 
• ၄့၅% တွေက Benzoic acid ခေါ်တဲ့ အထားခံဓါတ်ဟာ ပါသင့်တာထက်များနေတယ်။ 
• ကောက်ချက်ချရရင် ဈေးပိုပေးရတိုင်း စိတ်ချရတာမဟုတ်ပါ။ ဘတ် ၁ဝ-၂ဝ ထဲမှာလဲ စားသုံးဘို့ သင့်တာရှိသလို ၃ဝ-၄ဝ ပေးရပေမဲ့ မသင့်တာရှိပါတယ်။


ဒေါက်တာတင့်ဆွေ

• ထိုင်းနိုင်ငံထုတ် ငန်ပြာရည်အများစုထဲမှာ အထားခံအောင်ထည့်ရတဲ့ဓါတ်တွေ လွန်ကဲပြီးပါနေတယ်လို့ ၉-၅-၂ဝ၁၃ နေ့ထုတ် နေးရှင်းသတင်းစာမှာ ရေးလိုက်ပါတယ်။ အဲဒီ ဓါတ်တွေဟာ စိတ်ချရမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။
• ထိုင်းနိုင်ငံ Department of MedicalSciences(DMS) ဆေးသိပ္ပံဌာနကနေ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ Fish sauces ငန်ပြာရည်နဲ့ Mixed fish sauces ငန်ပြာရည်အရော အမျိုးမျိုးကို လေ့လာမှုလုပ်ခဲ့တာပါ။
• စက်ရုံပေါင်း ၁၁၈ ကနေထုတ်တဲ့ နမူနာပေါင်း ၄၇၁ ခုကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီနဲ့ မတ်လတွေထဲမှာ စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
• ငန်ပြာရည် ၂၄၂ မျိုးက ဘတ်ငွေ ၁ဝ ကနေ ၄၅ အထိပေးရပြီး။ ၂၂၉ မျိုးကတော့ အရောဖြစ်ပြီး ၆ ဘတ်ကနေ ၁၈ ဘတ် သာပေးရပါတယ်။
• စမ်းသပ်မှုအဖြေကတော့ ငန်ပြာရည် ၆၂့၈% နဲ့ အရောထဲက ၃၇့၁% တို့ဟာ စံချိန်မီတယ်။
• ၂၁ ဘတ်ကနေ ၂၉ ဘတ်ပေးရတာထဲမှာ ၄၅့၎% သာ စားသုံးဘို့သင့်တာတွေ့ရပါတယ်။
• ၃၆% ထဲမှာ Glutamic acid (ဂလူတားမစ်အက်စစ်) ထဲက နိုက်ထရိုဂျင်ဟာ စံချိန်ထက် မြင့်နေတယ်။ ၉့၁% က နိမ့်နေတယ်။
• ၄့၅% တွေက Benzoic acid ခေါ်တဲ့ အထားခံဓါတ်ဟာ ပါသင့်တာထက်များနေတယ်။
• ကောက်ချက်ချရရင် ဈေးပိုပေးရတိုင်း စိတ်ချရတာမဟုတ်ပါ။ ဘတ် ၁ဝ-၂ဝ ထဲမှာလဲ စားသုံးဘို့ သင့်တာရှိသလို ၃ဝ-၄ဝ ပေးရပေမဲ့ မသင့်တာရှိပါတယ်။


ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..