တရုတ်နိုင်ငံမှ လိင်အလုပ်သမများဟာ အာဏာပိုင်တွေရဲ့ အနိုင်အထက်ပြု
နှိပ်စက်မှုတွေကို ခံနေရသည်ဟု Human rights Watch က မေလ ၁၄ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
လိင်အလုပ်သမ များဟာ ဘာလူ့အခွင့်အရေးမှ မရှိသကဲ့သို့ ဆက်ဆံခံနေရ
ပါတယ်လို့ နိုင်ငံတကာ စောင့် ကြည့် ခွေး များ အဖွဲ့ရဲ့ တရုတ်နိုင်ငံ ဒါရိုက်တာ Sophie Richardso မှ ဟောင်ကောင်တွင် ပြုလုပ်သော အစည်း အဝေးမှာ ပြောခဲ့ပါတယ်။ ရဲများက ကာကွယ် စောင့်ရှောက်ပေး၇မယ့် အစား လိင်အလုပ်သမများအား ထိန်းသိမ်းစခန်းများမှ ရိုက်နှက်ခံရခြင်း၊ နှိပ်စက်
ခြင်းတွေကို ပုံမှန် ကြုံတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။
Xiao Yue လို့ အမည်ရတဲ့ အမျိုးသမီးကတော့ လိင်အလုပ် လုပ်တယ်ဆိုတာ မ၀န်ခံတဲ့ အတွက် သူမဟာ မျက်လုံးတွေ ပြာဝေလာသည်အထိ ရိုက်နှက်
ခံခဲ့ရပါတယ်လို့လို့ သူမရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခြား တစ်ယောက်ကတော့ သူမနဲ့ အခြား အဖော် ၂ ယောက်ဟာ သစ်ပင်မှာ အချည်ခံရပြီး၊ ရေအေးတွေနဲ့ ပက်တာ၊ ရိုက်နှက်တာ တွေကို ခံခဲ့ရတယ်လို့
ပြောပါတယ်။
mmforward

No comments:
Post a Comment