ဦတေဇ တည်ထောင်ထားသော Htoo Foundation မှ Mahasen Cyclone မုန်တိုင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ပြင်ဆင်ထားကြောင်း Air Bagan Facebook တွင်ဖေါ်ပြထားသည်။ Air Bagan Facebook တွင် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ဖြတ်သန်းဝင်ရောက်နိုင်သော Mahasen Cyclone အား မြန်မာပြည်သူပြည်သားများအနေဖြင့် အလေးဂရုပြု ပြင်ဆင်ထားရှိသင့်ပေသည်။ မိမိတို့ Air Bagan အနေဖြင့်လည်း AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) ၏ ငွေအင်အား စိုက်ထုတ်ကူညီမှုနှင့်အတူ Htoo Foundation နှင့် ပူးပေါင်းကာ မုန်တိုင်းမတိုင်မီ ပြင်ဆင်မှုများ၊ မုန်တိုင်းအပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ၊ မုန်တိုင်းဒဏ်ခံဒေသများ၏ ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်လုပ်ဆောင်မည်များကိုစနစ်တကျ ဖွဲ့စည်းပြင်ဆင်လျက်ရှိပါသည်။ ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မိမိတို့ Air Bagan မှ လေယာဉ်များ၊ YAG မှ ရဟတ်ယာဉ်များဖြင့် အဆင်သင့် ပြင်ဆင်လျက်ရှိပါသည်။ မုန်တိုင်း၏ လတ်တလောအခြေအနေနှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ပုံများ ကိုလည်းအများပြည်သူ သိရှိနိုင်အောင် ဖော်ပြလိုက်ပါသည်။
ထို့အတူ မြန်မာနိုင်ငံသူ နိုင်ငံသားများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးပါစေကြောင်းလည်း ဆုတောင်းလိုက်ပါသည်။ ဟုရေးသားထားသည်။
Airbagan

No comments:
Post a Comment