အမေရိကန်နိုင်ငံ Honolulu မြို့အလယ်ပိုင်းဒေသမှာ ဓာတ်ပုံအလှရိုက်ရန်ပျံသန်းလာစဉ် ဟယ်လီကော်ပတာတစ်စီး ပျက်ကျခဲ့ပါတယ်။ ဒါပေမယ့် ပိုင်းလော့နှင့်အခင်းဖြစ်ပွားရာအနီးရှိမည်သူမျှ ပြင်းထန်စွာထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ရုတ်တရက် စက်ရပ်ပြီးပျက်ကျခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာဒေသမှာ နေအိမ်ထူထပ်ပြီး Hawaii Pacific University ရှိနေခြင်းကြောင့် တက္ကသိုလ်ကျောင်းသာများနှင့် ရုံးလုပ်သားတွေနဲ့ ရှုပ်ထွေးလို့နေပါတယ်။
ပိုင်းလော့ပြောပြချက်အရ အင်ဂျင်ရပ်မသွားခင်ထိတော့ အားလုံးက ပုံမှန်ပါပဲတဲ့၊ ပထမ စက်ရပ်သွားချိန်မှာ စိတ်ထင်လို့ဟာသပဲလို့ထင်ခဲ့ပေမယ့် တကယ်ဖြစ်လာခဲ့ပါတယ်လို့ Honolulu သတင်းဌာန(KITV) ကိုပြောပြပါတယ်။
အမြင့်ပေ ၃၀၀၀ ကနေပျက်ကျခဲ့တာဖြစ်ပြီး ပလက်ဖောင်းပေါ်မှာ အဆုံးသတ်သွားခဲ့ပါတယ်။ ရပ်ထားတဲ့ကားတစ်စီး ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပါတယ်။ Honolulu အရေးပေါ်အဖွဲ့ရဲ့ပြောကြာချက်အရ အသက် ၇၁ နှစ်အရွယ် ခရီးသည်တစ်ဦး ခေါင်းမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့ပါတယ်။
MWD

No comments:
Post a Comment