အင်ဒိုနီးရှားနိုင်ငံ၌ အမျိုးသမီး သီးသန့် ရထား များကို ပြီးခဲ့သည့်နှစ် က စတင်၍ ခြောက်လ ကြာပြေးဆွဲခဲ့ပြီး နောက် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
အမျိုးသမီး ခရီးသည်များ လုံခြုံမှု ရှိစေရန် အလို့ငှာ ၂ဝ၁ဝ ခုနှစ်က စတင် ၍ အမျိုးသမီး သီးသန့်လူစီးတွဲ များကို စီစဉ်ပေးခဲ့ကာ ပြီးခဲ့သည့်နှစ်၌ အမျိုးသမီး သီးသန့် ရထားများ စတင် ပြေးဆွဲ ခဲ့သော်လည်း လူစီး နည်းသောကြောင့် ဖျက်သိမ်းခဲ့သည်။
ယင်းကဲ့သို့ အမျိုးသမီး သီးသန့် ရထားများ ပြေးဆွဲရခြင်းမှာ လုံခြုံ စိတ်ချမှု ရှိစေရန်နှင့် လိင်ပိုင်း ဆိုင်ရာ စော်ကားမှုများမှ ကင်းဝေးစေရန် အတွက် ဂျကာတာမြို့မှ မြို့ပြင်ဒေသ များသို့ ပြေးဆွဲပေး ခဲ့ကြောင်း AP သတင်း ဌာန၏ ဖော်ပြချက် အရ သိရ သည်။
အဆိုပါ ရထားသည် ရုံးဆင်း ရုံးတက်ချိန် များ၌သာ လူပြည့်တတ် ပြီး ပုံမှန် အချိန်များ၌ အများစီးရထား များကိုသာ လူစီး များကြောင်း အစိုးရ ပိုင် ရထားကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
ယခုနှစ် အတွင်း ရထားတွဲ ၁၈ဝ ထပ်မံ ဖြည့်တင်းရန် စီစဉ်ထားပြီး တောင်းဆိုမှု များရှိလာပါက အမျိုးသမီး သီးသန့်ရထားများ ပြန်လည် ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
သိဂီင်္ဝင်း (Ref:AFP)
Popular Myanmar News Journal

No comments:
Post a Comment