အမေရိကန်နိုင်ငံ နယူးအော်လင်း မြို့တွင် ကျင်းပသော အမေများနေ့ အထိမ်းအမှတ် အခမ်းအနား၌ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦးအပါအဝင် လူ ၁၉ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိများက ပြောကြား ခဲ့ပါသည်။ ၎င်းဖြစ်စဉ်သည် နယူးအော်လင်းမြို့ အမှတ် ၇ ရပ်ကွက်ရှိ ဖရင့်မင်းနှင့် ဗီလ်လာလမ်းဆုံတွင် မေလ ၁၂ ရက်နေ့ ၁၄ဝဝ နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှူး ရိုနယ်ဆာပတ်စ်က ပြောကြားခဲ့ပါသည်။
၁ဝ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ယောင်္ကျားလေး တစ်ဦးတို့မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ အခြားသော ဒဏ်ရာရရှိ သူများထဲတွင် အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ပါဝင် ကြောင်း ရိုနယ်က ပြောကြားခဲ့ပါသည်။ ရဲအရာရှိများ အနေဖြင့် အခင်းဖြစ်ပွားရာ နေရာမှ သံသယရှိသူ ၃ ဦး ထွက်ပြေးသွားသည်ကို မြင်တွေ့ခဲ့ကြောင်း နယူးအော်လင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားချိန်တွင် အဆိုပါ နေရာ၌ လူ ၂ဝဝ ခန့်ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။
မြ၀တီ

No comments:
Post a Comment