မန်ချက်စတာ စီးတီး အသင်းသည် မန်နေဂျာ ရောဘတ်တို မန်စီနီကို ရာထူးမှ တရားဝင် ထုတ်ပယ်လိုက်ပြီဟု သိရှိရသည်။
ပရီးမီးယားလိဂ် လက်ကျန် (၂)ပွဲ ကစားရန် ကျန်နေချိန်တွင် ရာသီကုန်ထိ အသင်းကို လက်ထောက် မန်နေဂျာ ဘရိုင်ယန်ကစ်ဒ်က ကိုင်တွယ်သွားမည် ဖြစ်သည်။ အီတလီသား မန်နေဂျာ မန်စီနီသည် ရာထူးမှ ထုတ်ပယ်ခံရခြင်း အတွက် လျော်ကြေးငွေ ပေါင်စတာလင် (၇)သန်းမျှ
ပေးချေခြင်း ခံရဖွယ်ရှိနေသည်။ ၎င်းသည် ရက်ဒင်းနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီတွင် အသင်းထံမှ တာဝန်ရပ်စဲကြောင်း အသိပေး အကြောင်းကြားမှုကို လက်ခံရရှိခဲ့သည်။
မေလ(၁၃)ရက်နေ့သည် ပြီးခဲ့သည့် ရာသီ နောက်ဆုံးပွဲစဉ်တွင် QPR
အသင်းကို မန်စီးတီး အနိုင်ယူကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သည့် နှစ်ပတ်လည် နေ့လည်းဖြစ်ရာ မန်စီနီသည် ချန်ပီယံဖြစ်ပြီး (၁)နှစ်တိတိတွင် ရာထူးမှ ထုတ်ပယ်ခံရခြင်း အဖြစ်လည်း အမှတ်ရစရာ ဖြစ်ခဲ့သည်။ လတ်တလောတွင် မန်စီးတီး မန်နေဂျာသစ် ရာထူးအတွက် မာလာဂါ အသင်းမှ ချီလီသား မန်နျူရယ်လ် ပယ်လီဂရီနီက ရေပန်းစားလျှက် ရှိနေသည်။ မန်စီနီအား ရာထူးမှ ထုတ်ပယ်သည့်သတင်းကို အသင်း၏ အမှုဆောင်ချုပ် ဖာရန်ဆိုရီနို ကိုယ်တိုင်က ထုတ်ဖော် အသိပေးခဲ့ခြင်းဟု ယူဆရသည်။
မေလ(၁၃)ရက်နေ့သည် ပြီးခဲ့သည့် ရာသီ နောက်ဆုံးပွဲစဉ်တွင် QPRအသင်းကို မန်စီးတီး အနိုင်ယူကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သည့် နှစ်ပတ်လည် နေ့လည်းဖြစ်ရာ မန်စီနီသည် ချန်ပီယံဖြစ်ပြီး (၁)နှစ်တိတိတွင် ရာထူးမှ ထုတ်ပယ်ခံရခြင်း အဖြစ်လည်း အမှတ်ရစရာ ဖြစ်ခဲ့...
အဘူဒါဘီတွင် နေထိုင်သည့် အသင်းဥက္ကဋ္ဌ ခယ်လ်ဒွန် အယ်လ်မူဘာရက်ခ်က အင်္ဂလန်သို့ ဖုန်းခေါ်ကာ ယခုဆုံးဖြတ်ချက်အတွက် အမိန့်ပေးခဲ့ခြင်းဟု သတင်းများက ဖော်ပြလျှက် ရှိသည်။ ပယ်လီဂရီနီသည် စာချုပ်ပါ သတ်မှတ်ချက်အရ လျော်ကြေးငွေ ပေါင်စတာလင် (၃.၃)သန်း ပေးချေလျှင် မာလာဂါ အသင်းမှ ထွက်ခွာခွင့် ရှိနေပြီး အဆိုပါ ငွေပမာဏသည် မန်စီးတီးအတွက် ပြောပလောက်သည့် အတားအဆီး မဖြစ်နိုင်ချေ။ သို့သော်လည်း ပယ်လီဂရီနီကို ကျန်းမာရေး ပြဿနာများ ရှိနေသည့် နည်းပြ တီတို ဗီလာနိုဗာ နေရာတွင် အစားထိုးရန် ဘာစီလိုနာကလည်း စောင့်ကြည့်နေကြောင်း သိရှိရသည်။ မန်စီနီကို ရိုးမား၊ နာပိုလီနှင့် မိုနာကို အသင်းများက စောင့်ကြည့်လျှက် ရှိသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment