ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ နိုင်ငံတစ်ဝန်း စက်ရုံ၊ အလုပ်ရုံများနှင့် စာသင်ကျောင်းများ ပိတ်ထားကြပြီး လမ်းများ၊ အမြန်လမ်းမကြီးများသည်လည်း ရှင်းလင်းနေကြောင်း မေလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ ပါသည်။
Tejgaon စီရင်စုတွင် ကန့်ကွက် ဆန္ဒပြသူများမှ လက်လုပ်ဗုံးသေး ၃ လုံးဖြင့် ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် မိုနီရူဇာမန်၏ အဆိုအရ သိရှိရပါသည်။ အစ္စလာမ် ဘာသာဝင်များသည် Prophet Mohammed အား စော်ကားရိုင်းပြခဲ့သော ဘလော့ဂါများအား သေဒဏ်ချမှတ်ရန်နှင့် ဘာသာရေးစော်ကားမှုနှင့် ပတ်သက် သည့် အရေးယူမှု ဥပဒေသစ်ကို စတင်ရန် အစိုးရအား ပြင်းပြင်းထန်ထန် ဆန္ဒပြ တောင်းဆို ခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရမှ အဆိုပါ တောင်းဆို ချက်များကို ငြင်းပယ်ခဲ့ပါသည်။ ယခုနှစ် အစကတည်းက စတင်ခဲ့ သော ရဲတပ်ဖွဲ့နှင့် တိုက်ခိုက်မှုများတွင် လူဦးရေ ၁၅ဝ ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
MWD

No comments:
Post a Comment