လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, May 25, 2013

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘေယန်မြူးနစ် နိုင်မည်ဟု ကြိုတင်ဟောကိန်း ထုတ်လိုက်သော စိတ်စွမ်းအားရှင် ဆင်လေး



နယ်လီ အမည်ရှိ စိတ်စွမ်းအားရှင် ဆင်လေးသည် မေ ၂၅ ရက်တွင် ဝင်ဘလေကွင်း၌ ကျင်းပမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ဘေယန်မြူးနစ် အသင်းက ဒေါ့မွန် အသင်းအား အနိုင်ရမည်ဟု ကြိုတင်ဟောကိန်း ထုတ်လိုက်ကြောင်း သိရသည်။

နယ်လီသည် ယမန်နှစ်၏ ဥရောပ ချန်ပီယံပြိုင်ပွဲ အတွင်းကလည်း ဂျာမန် ကလပ်အသင်း အတွက် သူမ၏ ကြိုတင် ဟောကိန်းများ မှန်ကန်မှုကြောင့် ကျော်ကြား လာခဲ့ခြင်း ဖြစ်သည်။
ယခု အခါတွင်လည်း သူမသည် ဒေါ့မွန် အသင်း၏  ဂိုးပေါက် အတွင်းသို့ ဘောလုံးကို ခြေဖြင့် တစ်ချက်ကန်ပြ ခဲ့ကြောင်း၊ ထို့အခြင်း အရာသည် ဘေယန်မြူးနစ် အသင်းအနေဖြင့် အနိုင်ရမည့် လက္ခဏာကို ပြသခြင်း ဖြစ် ကြောင်း သိရသည်။ နယ်လီ၏ ဟောကိန်း ထုတ်မှုသာ မှန်ကန်ခဲ့ပါက ဘေယန်မြူးနစ် အသင်းသည် ၂ဝ၁၃ ခုနှစ်တွင် ချန်ပီယံဆု သုံးဆုရှင် ဖြစ်မည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် ကျင်းပမည့် ဂျာမန်ဖလား ဗိုလ်လုပွဲ၌ နေရာတစ် နေရာ အာမခံချက် ရရှိမည်လည်း ဖြစ်သည်။
ဒေါ့မွန်အသင်း အတွက်မူ နယ်လီ ဆင်လေး၏ ဟောကိန်းထုတ်မှု မှားယွင်းခဲ့ပါက ၁၉၉၇ ခုနှစ် နောက်ပိုင်း ၎င်း တို့၏ ပထမဆုံး ဥရောပ ချန်ပီယံ ဖလားကို ဆွတ်ခူး ရရှိနိုင်မည် ဖြစ်၍ ၎င်းတို့ အနေဖြင့် ကံကောင်းမှု အတွက် ဝမ်း မြောက် ပျော်ရွှင်ရမည်သာ ဖြစ်ကြောင်း သိရသည်။        
 MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..