အစ္စလာမ်မစ် ပါတီ တစ်ခု၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်သော မူဟာမက်
ကာမာရက်ဇာမန်းအား (၁၉၇၁)ခုနှစ်က ဖြစ်ပွားသည့် လွတ်လပ်ရေး တိုက်ပွဲအတွင်း
ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုလို
သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်

ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုသည်
ဘာသာရေးနှင့် ဆက်နွယ်သည့် နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ဦးအား သေဒဏ်
ချမှတ်လိုက်ကြောင်း သိရှိရသည်။ အစ္စလာမ်မစ် ပါတီ တစ်ခု၏ ထိပ်တန်း
ခေါင်းဆောင် တစ်ဦးဖြစ်သော
မူဟာမက် ကာမာရက်ဇာမန်းအား (၁၉၇၁)ခုနှစ်က
ဖြစ်ပွားသည့် လွတ်လပ်ရေး တိုက်ပွဲအတွင်း ကျူးလွန်ခဲ့သည့်
စစ်ရာဇဝတ်မှုများအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုလို သေဒဏ်
ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် စစ်ရာဇဝတ်မှု ခုံရုံးအဖွဲ့က စီစစ်မှုများ
ပြုလုပ်ပြီး (၄)ဦးမြောက်အဖြစ် ပြစ်ဒဏ်ချမှတ်မှုလည်း ဖြစ်လာသည်။
နိုင်ငံတဝှမ်းတွင် ကာမာရက်ဇာမန်းကို ထောက်ခံသူများက အုံကြွပေါက်ကွဲမှုများ
ဖြစ်လာမည်ကို စိုးရိမ်လျှက် ရှိနေပြီး လမ်းများပေါ်တွင် လုံခြုံရေး
တပ်ဖွဲ့များနှင့် ထိပ်တိုက် ပဋိပက္ခများလည်း ပေါ်ပေါက်လာဖွယ် ရှိနေသည်။
နိုင်ငံဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကမူ လွန်ခဲ့သည့် ဆယ်စုနှစ်
(၄)ခုကျော်က ဖြစ်ပွားသော စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရာတွင်
အားလုံးပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။ အသက်(၆၁)နှစ်ရှိ
ကာမာရက်ဇာမန်းသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှု၊
နှိပ်စက်ညှင်းပမ်းမှု၊ ပြန်ပေးမှုများအတွက် တရားစွဲဆိုခြင်း ခံရပြီး
ပြစ်မှုထင်ရှားသည့်အတွက် သေဒဏ်ချမှတ် ခံရခြင်းဟု ရှေ့နေချုပ် မာဘူဘီအလမ်က
ပြောကြားခဲ့သည်။ ခုံရုံးအဖွဲ့ခေါင်းဆောင် အိုဘိုင်ဒူလ် ဟာဆန်က သံသယများကို
ကျော်လွှားနိုင်လောက်သည့် တိကျသော အထောက်အထားများကြောင့် မိမိတို့သည်
တရားခံကို ယခုစီရင်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း ဆိုသည်။

တရားခံရှေ့နေ အာဆန်ဆစ်ဒီကိုင်ကမူ မိမိ၏ အမှုသည်အတွက် တရားမျှတမှု
မရှိခဲ့ဟု ဝေဖန်ထားသည်။ ကာမာရက်ဇာမန်းသည် တရားခွင်တွင် မိမိအပေါ် ထားရှိသည့်
စွပ်စွဲချက်များအား တောက်လျှောက် ငြင်းဆိုခဲ့ပြီး ယင်းသည် နိုင်ငံရေးအရ
ထိုးနှက်ခြင်းဟု စွပ်စွဲခဲ့သည်။ ၎င်းသည် ဂျာမက်အီ အစ္စလာမ်မီ အစ္စလာမ်မစ် ပါတီ၏
လက်ထောက် အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ကြောင်း သိရှိရသည်။

Source: The Independent
planet မှ
No comments:
Post a Comment