ဘုရာဇီးနိုင်ငံရှိ ရှေးဟောင်း မာယာလူမျိုးတို့၏ ပိရမစ်တစ်ခုကို ဆောက်လုပ်ရေး ကုမ္ပဏီက ဘူဒိုဇာဖြင့် ထိုး၍ ဖြိုဖျက်ချ ခဲ့သည်ဟု သိရသည်။
ရှေးဟောင်း မာယာလူမျိုးတို့၏ အကြီးဆုံး ပိရမစ် တစ်ခု ဖြစ်သော Noh Mul အား လမ်းဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက ဘူဒိုဇာဖြင့် ထိုးဖြို၍ လမ်းမြေဖို့ရန် အတွက် အသုံးပြုခဲ့ကြောင်း၊ ထို့ကြောင့် ပိရမစ်၏ တစ် ဝက်ကျော် နီးပါး ပျက်စီး သွားရကြောင်း ဘရာဇီးရှေး ဟောင်း ယဉ်ကျေးမှု လေ့လာရေး အင်စတီကျု အကြီး အကဲ ဂျေးမီအာဝဲလ်က ပြောသည်။
အဆိုပါ ပိရမစ်မှာ ခန့်မှန်းခြေ နှစ်ပေါင်း ၂၃ဝဝ ထက်မနည်း သက်တမ်း ရှိပြီး ယင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှု စတင်နေပြီဟု သိရသည်။
ယခု ဖြစ်ရပ်သည် ပထမဆုံး ဖြစ်ရပ် မဟုတ်ဘဲ ဘရာဇီး အစိုးရသည် ရှေးဟောင်း ယဉ်ကျေးမှုများ ထိန်း သိမ်းရေးတွင် အားနည်း ပျက်ကွက်ခဲ့သည်ဟု သိရ သည်။ မာယာ လူမျိုးတို့၏ ရှေးဟောင်း အမွေအနှစ် များ သည် ပုဂ္ဂလိက ပိုင်နက်အတွင်း ရှိနေသော်လည်း ဥပဒေ အရ အစိုးရ၏ ကာကွယ်မှု အောက်တွင်သာ ရှိ သည်။
အစိုးရ ရှေ့နေများကလည်း ကုမ္ပဏီ တာဝန်ရှိသူ များအား ရာဇဝတ်မှုအရ စွဲချက်တင် အပြစ်ပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။
PN055 (Ref: BBC)

No comments:
Post a Comment