ၾသစေၾတးလ် နိုင်ငံမှ ခုနစ်လသား အရွယ် ရိုက်ဒါ ဘလဲသည် ကွင်းစလန်း ပြည်နယ် Lake Dyer အပန်းဖြေ စခန်းတွင် ရေလွှာလျှောစီး ကစားနည်းကို သင်ယူလျက် ရှိကြောင်းနှင့် ကလေးငယ်သည် ရေလွှာလျှောစီး ကစားနည်းကို သင်ယူရာတွင် ပျော်မြူးလျက် ရှိကြောင်း သိရသည်။
၎င်း၏ မိခင်ဖြစ်သူ တာမာရာသည် ရေငုပ် သမားသုံး ၀တ်စုံကို ၀တ်ဆင်လျက် သားဖြစ်သူနှင့် အတူ ရေလွှာလျှောစီး ကစားခြင်းကို လုပ်ဆောင်လေ့ ရှိသည်။
သားဖြစ်သူသည် လှေ၏ နောက်မှနေ၍ လုပ်ဆောင်ခြင်း မဟုတ်ကြောင်းနှင့် ကမ်းရိုးတန်း တစ်လျှောက် ရေလွှာ လျှောစီးမှုများ လုပ်ဆောင်ခြင်း ဖြစ်ပြီး နောက်တစ်ဆင့် အနေဖြင့် လာမည့် ရာသီတွင် လှေ၏ ဘေးမှနေ၍ ရေလွှာ လျှောစီးမှု များကို လုပ်ဆောင်နိုင်ရန် လေ့ကျင့် ပေးသွားမည် ဖြစ်ကြောင်း တာမာရာက ပြောကြားခဲ့သည်။
ဘလဲ၏ ရေလွှာလျှောစီး သင်ယူနေပုံကို Youtube ၀က်ဆိုက်ဘ်တွင် ပြသခဲ့ရာ ယခု အချိန်ထိ ပရိသတ် ၁၀,၀၀၀ ကျော် ၀င်ရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment