မနက်ဖြန် ၁၆-၅-၂၀၁၃ ရက်နေ့ နေ့လည်ဆယ့်နှစ်နာရီ မှစပြီး ညဆယ့်နှစ်နာရီ အတွင်း ပြင်းအားအများဆုံးဖြင့်ဝင်မွှေပါလိမ့်မည်။ ပညာရှင်များနှင့်မုန်တိုင်းစောင့်ကြည့်ဌာနများ၏ ခန့်မှန်းချက်များအလိုအရ ၁၆-၅-၂၀၁၃ ရက်နေ့ ညနေသုံးနာရီမှခြောက်နာရီ အချိန်အတွင်းအထူးဂရုပြုသတိထားရမည်ဟုဆိုသည်။
မနက်ဖြန် ၁၆-၅-၂၀၁၃ ရက် နံနက်ခြောက်နာရီမှစပြီး မုန်တိုင်းစတင်ဝင်ရောက် တိုက်ခိုက်နေပြီဟုမှတ်ယူသင့်ပါသည်။
ကျွန်တော်တို့ အတွက်ပြင်ဆင်ချိန်သည် ဒီနေ့ ၁၆-၅-၂၀၁၃ နောက် ဆုံးဖြစ်ပါလိမ့်မည်။
မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ အထူးအလေးထားပြီး၊ ကျန် ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်း မြို့နယ်များပါ စနစ်တကျ ကြိုတင်ပြင်ဆင်စီမံထားကြပါ။
လေးဆယ့်ရှစ်နာရီစာ(နှစ်ရက်စာ)အစားအသောက်၊ သောက်ရေ၊ ဆေးဝါး၊ ဓာတ်မီး၊ ဝီစီ၊ ရေဒီယို နှင့် မိမိအတွက်မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြပါ။
မှတ်ချက်။ ။ခေတ္တ လေငြိမ်သွားခြင်း၊ မိုးမရွာတော့ခြင်း၊ နေထွက်လာခြင်း များကိုအကြောင်းပြု၍ ကြိုတင်ပြင်ဆင်မှူ မလုပ်ဘဲမနေပါနှင့်။ မုန်တိုင်းက သူ့လမ်းကြောင်းအတိုင်း လာနေတုန်းဘဲ ရှိပါသေးသည်။
အစိုးရ မိုးလေဝါသဌာန၏ ရေဒီယို၊ တီဗွီ သတင်းများကိုနားထောင် အတည်ယူပါ၊ ဒေသအာဏာပိုင်များ နှင့် ကြက်ခြေနီ၊ မီးသတ်ကဲ့သို့သော သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့စည်းများ၏ စီမံခန့်ခွဲမှူ ကိုလိုက်နာပါ။

No comments:
Post a Comment