လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, May 20, 2013

ရုရှား နိုင်ငံတွင် အကြမ်းဖက် တိုက်ဖျက်ရေး စက်ရုပ်များ တီထွင်လျက်ရှိ

Photo: ရုရှား နိုင်ငံတွင် အကြမ်းဖက် တိုက်ဖျက်ရေး စက်ရုပ်များ တီထွင်လျက်ရှိ

ရုရှားနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများကို နည်းနိုင်သမျှ နည်းစေ ရန်ရည်ရွယ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး စက်ရုပ်များ တီထွင်လျက် ရှိသည်ဟု ဒုတိယ ဝန်ကြီးချုပ် ဒီမစ်ထရီ ရိုဂိုဇင်က ပြောကြားခဲ့သည်။

အဆိုပါ စက်ရုပ်များသည် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော အလုပ်သမားများနှင့် ပြည်သူများကို ကယ်ဆယ်ရာ၌ကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းက မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံမှ ထုတ်လုပ်လျက်ရှိသော အခြား အကြမ်းဖက် တိုက်ဖျက်ရေး စစ်လက်နက်များ တွင် အတားအဆီးများ ကို ကျော်ဖြတ်၍ ရန်သူကို ထိုးဖောက် မြင်နိုင်ပြီး ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံများကို ထိခိုက်မှု တစ်စုံတစ်ရာမရှိ စေဘဲ အကြမ်းဖက် သမားများအား အဝေးမှ ပစ်ခတ် တိုက်ခိုက် နိုင်စွမ်းရှိသော စနစ်များလည်း ပါဝင်သည်။

ရုရှားနိုင်ငံ၏ လုံခြုံရေးနှင့် စုံစမ်းစစ် ဆေးရေးဌာနများတွင် ယင်းစစ်လက်နက် ပစ္စည်းများ မည်သည့် အချိန်တွင် တပ်ဖြန့်သွားမည်ကို ရိုဂိုဇင်က ပြောကြား ခဲ့ခြင်း မရှိပေ။

အပြည့်အဝ ထိန်းချုပ်နိုင်သော အဆိုပါ စက်ရုပ်များကို လူသတ်စက်ရုပ်များ ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဝေဖန်ပြစ်တင် ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..