လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, May 8, 2013

သူငယ်ချင်းထံမှ ကြွက်နို့ကူးနိုင်

ကလေး ငယ်များဟာ အများ ပြည်သူ သွားလာရာ နေရာများ ဖြစ်တဲ့ ရေကူးကန် များမှာထက် မိသားစု ဝင်များထံမှ သို့မဟုတ် အတန်းဖော် သူငယ်ချင်း ထံမှ မကြာခဏ ကြွက်နို့ ကူးစက် ခံရလေ့ ရှိကြကြောင်း ဒတ်ခ်ျ သုတေသီများက ပြောဆိုကြ ပါတယ်။ ကြွက်နို့ဟာ Human Papilloma Virus -HPV ပိုး ကူးစက်ဝင်ရောက် ခံရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရတဲ့ အရေပြားနှင့် စေ၊ ရောဂါပိုး သယ်ဆောင် ထားသော အရာဝတ္ထု များနှင့် ထိတွေ့မိခြင်း ကြောင့်ဖြစ်စေ
ကြွက်နို့ရောဂါ ကူးစက် ခံရနိုင်ပါတယ်။ ရောဂါပိုး ကူးစက်ပျံ့နှံခြင်း ရှောင် ရှားဖို့ အများပြည်သူ ရေချိုးသည့် နေရာတွင် ခြေညှပ် ဖိနပ်စီးခြင်း၊ ကြွက်နို့အား ရေစိုခံ ပလာစတာဖြင့် ကပ်ထားခြင်းတို့ကို ပြုလုပ်ဖို့ ညွှန် ကြားချက်များရှိပါတယ်။
သုတေသီ များဟာ ကျောင်းနေအရွယ်ကလေး ငယ်များရဲ့ ခြေထောက်၊ လက်များ ကို လေ့လာစစ်ဆေးခဲ့ပြီး မိဘများ ကိုလည်း အခြားမိသားစုဝင်များတွင် ကြွက်နို့ရောဂါ ရှိ၊မရှိ၊ အိမ်တွင် ခြေ ဗလာဖြင့် လျှောက်သွားသည့် အကျင့် ကလေးငယ်တွင် ရှိ၊မရှိ၊ ရေကူးကန်၊ အများပြည်သူသုံး ရေချိုးကန် များသို့ သွားလေ့ ရှိ၊မရှိ၊ ခြေဗလာဖြင့် အားကစား ပြုလုပ်လေ့ ရှိ၊မရှိတို့ကို လေ့ လာစစ်ဆေး ခဲ့ကြပါတယ်။ ကြွက်နို့ ရှိသော အတန်းဖော်၊ သူငယ်ချင်း မိတ်ဆွေများ၏ အချက်အလက်များ ကိုလည်း စစ်တမ်း ကောက်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြွက်နို့ရှိတဲ့ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်နှင့် ရင်းရင်းနှီးနှီး နေခြင်းကြောင့် ကလေး ငယ်များ ကြွက်နို့ကူးစက် ဖြစ်ပွားခြင်း ဖြစ်ပြီး အများပြည်သူသုံး နေရာများမှာ ရောဂါကြီးမားစွာ ပြန့်ပွားသည့် နေရာ များ မဟုတ်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။

ဇင်မာမြင့်
  Health Digest 

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..