နိုင်ငံခြားသားခရီးသည်တွေအတွက် Air Con တပ်ဆင်ထားသောဂျပန်နိုင်ငံ
ထုတ်မီးရထားဖြင့် ပုဂံမှ မန္တလေးအထိမေလ(၁၇)ရက်နေ့က စတင်ပြေးဆွဲ
ပေးနေကြောင်း မြန်မာ့မီးရထားမှဒုရုံပိုင်ချုပ်ဦးရဲလွင်က ပြောပြခဲ့သည်။
ခရီးစဉ်ပြေးဆွဲမှုကိုမီးရထား(၅)စီးဖြင့် စတင်ပြုလုပ်ခဲ့သော်လည်း မေလ
(၂၀)ရက်နေ့ကနောက်ထပ်(၄)စီးထပ်ရောက်လာသည့် အတွက်စုစုပေါင်း
(၉)စီးဖြင့် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရပါတယ်။
၎င်းမီးရ ထား
များကိုဂျပန်နိုင်ငံကတင်ပို့ခြင်း ဖြစ်သည်။“အခုအဲယားကွန်းပါမီးရထားတွေ
ကိုနိုင်ငံခြားသားခရီးသည်တွေအတွက်ပဲသီးသန့်ပြေးဆွဲ ပေးနေတာပါ။
မီးရထားစီးနင်းခကိုတော့ပုံသေမသတ်မှတ်ရသေးပါဘူး။အရင်က(၅)စီးနဲ့
ပဲပြေးဆွဲပေးနေပါတယ်။အခုနောက်ထပ်(၄)စီး ရောက်လာပြီဆိုတော့စုစု
ပေါင်း(၉)စီးနဲ့အစီးရေ
ထပ်ဖြည့်ပြီးပြေးဆွဲပေးသွားမှာပါ”လို့ဒုရုံပိုင်ချုပ်ဦးရဲလွင်
ကပြောပြခဲ့သည်။ မီးရထားတစ်တွဲမှာလူဦးရေအယောက်(၆၀)ဦးစီးနင်းနိုင်ပြီး
မြန်မာနိုင်ငံမှာအိမ်ရှင်အဖြစ်လက်ခံကျင်းပ
မယ့်ဆီးဂိမ်းအတွက်လည်း
Air Con ပါတဲ့နောက်ထပ်အတွဲ(၄)တွဲထပ်ရောက်မည် ဖြစ်ကာ တိုးချဲ့
ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment