လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ၏ နာမည်ကြီး အဆင့်နံပါတ်တစ် တက္ကသိုလ်ဖြစ်သည့် တိုကျိုတက္ကသိုလ်၏ ဖိတ်ကြားမှုဖြင့် ၁၇.၄.၂၀၁၃ နံနက် ၁၀နာရီမှ ၁၁နာရီအထိ မြန်မာပြည်ရေးရာနဲ့ ပတ်သက်ပြီး ဟောပြောပွဲပြုလုပ်ခဲ့ရာလာမည့်ရွေးကောက်ပွဲ ဆိုင်ရာနှင့် ပတ်သက်ပြီးလည်းကောင်း အခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီးလည်းကောင်း အခြားမြန်မာပြည်ဆိုင်ရာ အခြေအနေများအား ဟောပြော သွားခဲ့သည်..။
အခမ်းအနားသို့တိုကျိုတက္ကသိုလ်၌ပညာသင်ကြားနေသော
မြန်မာနိုင်ငံသားများ အပါအဝင် ဂျပန်ကျောင်းသား ၄၀၀ခန့်တက်ရောက်ခဲ့သည်..။
အဆိုပါတိုကျိုတက္ကသိုလ်သို့  ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန်
ရောက်ရှိလာရာ ခန်းမအပြင်ဘက်၌ ဂျပန်နိုင်ငံသားများ၊ ကျောင်းသားကျောင်းသူများမှ လာရောက်ကြိုဆို နှုတ်ဆက်ကြသလို ဟောပြောပွဲ ပြီးပြန်လည် ထွက်ခွာချိန်၌လည်း ဂျပန်ပြည်သူများကအမှတ်တရ လက်မှတ်များတောင်းခံသည်ကိုလည်းရေးထိုးပေးခဲ့သည်။ယနေ့ တိုကျိုတ္ကသိုလ် ဟောပြောပွဲ ကျင်းပရာ ခန်းမဝန်းကျင်သို့ အနီးနားမှ အလယ်တန်း ကျောင်သား ကျောင်းသူများ လာရောက် ကြိုဆိုခဲ့ကြသည်ဖြစ်၍ထူခြားသည်ဆိုရမည်။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ
Popular Journal

No comments:
Post a Comment