လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, April 14, 2013

ဆေးနဲ့ မတွဲဖက် စားသင့်တဲ့ အစာများ

Photo: ဆေးနဲ့ မတွဲဖက် စားသင့်တဲ့ အစာများ

လူတွေအများစုက ဆေးကို ဘယ်အရည်နဲ့ မဆို သောက်ရင် ပြီးရော
ဆိုပြီး ဖြစ်သလို နေတတ်ကြပါတယ်။ဒါပေမယ့် ဆေးတွေမှာလည်း သူတို့နဲ့
တွဲဖက် စားမသုံးသင့်တာတွေ ရှိပါတယ်။အဲဒါတွေကတော့...

၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက်စေပါတယ်။
၂။Orange , tomato Juice ပိုးသတ်ဆေး ပိဋိဇီဝဆေးကို ခန္ဒာက စုပ်ယူခြင်း
ကို နှောက်ယှက်စေပါတယ်။
၃။ အစိမ်းရောင်ရှိ ဟင်းသီိးဟင်းရွက်(ပန်းဂေါ်ဖီ၊ဂေါ်ဖီထုပ်၊ကညွန့်...)စတာ
တွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။vitamin-K များ
တာက သွေးကြဲဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။
၎။ နို့ နဲ့ နို့်ထွက်ပစ္စည်းဆိုရင် သံဓာတ်စုပ်ယူမှု နှောက်ယှက်စေတာကြောင့်
သံဓာတ်အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာ
မှာ သတိထားသင့်ပါတယ်။
၅။ Fibers က ဆေးစုပ်ယူမှု ပြောင်းလဲ စေပါတယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါ
ဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေးအချို့နဲ့ တွဲဖက် မစားသင့်
၆။ Coffee , Cola စတဲ့ ကာဖင်းပါတဲ့ အစားအသောက်က ပန်းနာရင်ကျပ်
ဆေး အာနိသင်နဲ့ တူပါတယ်။asthma ဆေးဖြစ်တဲ့ thephylline စတာ
သောက်ရင် caffeine မသောက်သင့်ပါဘူး။နိုးကြားစေပါတယ်။ဒါကြောင့်
ဆန့်ကျင်ဘက်ဆေးတွေကို မသုံးသင့်ပါဘူး။
၇။ Wine နဲ့ Cheese တွဲဖက်သောက်ရင် စိတ်ဓာတ်ကျရာမှာ သုံးတဲ့
Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်
ပါတယ်။အခန့်မသင့်ရင် အသက်တောင် သေစေနိုင်ပါတယ်။

ကဲ...ဘယ်လိုပဲဖြစ်ဖြစ်နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်းဆုံးပါပဲ......

ဗဟုသုတ စွယ်စုံကျမ်း

REF; ကျန်းမာရေးစာတိုလေးများစုစည်းမှု့

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..