လီယန်ဇူ၏ ပြောကြား ချက်အရ ၎င်းအပါ အဝင် ကျေးလက်မှ ပြောင်းရွှေ့လာသူ အချို့သည် ကုန်ပစ္စည်းများ တင်ဆောင်ပြီး ကွန်တိန်နာ အဟောင်းများကို နေအိမ်လုပ်၍ ၁၀ နှစ်ကျော် နေထိုင် လာခဲ့ကြောင်း သိရသည်။ ယင်းကွန်တိန်နာ နေအိမ်များ အတွက် ရှန်ဟိုင်းမြို့မှ လျှပ်စစ်မီများ ပုံမှန်ထောက်ပံ့ ပေးအပ်ခဲ့ပြီး တစ်လလျှင် ပေါင် ၅၀ နှင့် ညီမျှသော ယွမ်ငွေများ အစိုးရသို့ ပေးဆောင်ရသည်။အဆိုပါ ကွန်တိန်နာ ကျေးရွာတွင် အစားအသောက်၊ ဖျော်ရည် ယမကာများ နေ့စဉ်သုံး ပစ္စည်းများကို ရောင်းချသည့် ဈေးဆိုင်ငယ်များ ထားရှိပေးသည့် အပြင် စတုရန်းပေ ၅၀ ကျယ်ဝန်းသော ကွန်တိန်နာ အတွင်း အိပ်ရာ၊ ဆိုဖာ ၊ တီဗီများကိုလည်း အသင့်တပ်ဆင် ပေးထားသည်။ ရှန်ဟိုင်းမြို့တွင် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ထိုသို့ နေထိုင်သူ ၁၁၀ ကျော်လာခဲ့ပြီး အခြားမြို့ များတွင်လည်း ယင်းသို့ ကွန်တိန်နာ ကျေးရွာများတွင် နေထိုင်သူများ ရှိလာကြောင်း သိရသည်။
Pyi Myanmar
No comments:
Post a Comment