လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, April 3, 2013

မလေးရှားမှာ အရက်တုကြောင့် မြန်မာနိုင်ငံသားတွေ ရက်ဆက် သေဆုံးမှု ရှိနေ

ရန်ကုန်၊ မတ် ၃၀ - မလေးရှားနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံသားတချို့ လိုင်စင်မဲ့ အရက်တုတွေကြောင့် လွန်ခဲ့ တဲ့ နှစ်လခန့်ကစပြီး ရက်ဆက်သေဆုံးမှု တွေ ရှိနေတယ်လို့ သိရပါတယ်။ လိုင်စင်မဲ့ အရက်ကိုသောက်ပြီး မလေးရှားရောက်မြန်မာတွေ သေဆုံးမှု ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကို မေးမြန်းကြည့်ရာ “ ဟုတ်ပါတယ်၊ ဒီကိစ္စ က မလေးရှားမှာ ကပုန်း နာရေးကူညီမှု အသင်းဆိုတာ ရှိတယ်၊ သူတို့က ရက် ဆက်ပဲ ဒီအရက်တုကြောင့် သေတာတွေ ပဲ ကူညီနေရတယ်”လို့ ပြောပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူဟာ ကပုန်းနာရေးကူ ညီမှုအသင်းနဲ့ အဆက်အသွယ်ရှိပြီး နာ ရေးကူညီမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆက်စပ် လုပ်ကိုင်ဖူးတယ်လို့ သိရပါ တယ်။ မလေးရှားမှာ မန္တလေးဝီစကီ၊ ဂရန်း ဝီစကီ၊ မြန်မာဘီယာ၊ ဒဂုံဘီယာဆိုပြီး ပြည်တွင်းက အမှန်တကယ် မမှာယူဘဲ လိုင် စင်မဲ့ ထုတ်လုပ်နေတာတွေ ရှိပါ တယ်။ အဲသည် လိုင်စင်မဲ့ ထုတ်လုပ်နေ တဲ့ အရက်တွေကို သောက်သုံးမိသူတွေ သေဆုံးနေကြတာ ဖြစ်တယ်လို့ သိရပါ တယ်။ “ ကျွန်တော်တို့နားမှာ မြန်မာတွေဖွင့် ထားတဲ့ ဆိုင်တွေအများကြီးပဲ၊ မြန်မာ တွေဖွင့်တဲ့ ဆိုင်ဆိုရင် အရက် ဘီယာ မရ တဲ့ ဆိုင် မရှိဘူး၊ မနေ့ကပဲ အနားက ဆိုင် တစ်ဆိုင် ကို ဝင်ဖမ်းသွားတယ်၊ ဆိုင်ရှင် က လုံးဝ အာ မခံမရဘူး၊ သောက်နေတဲ့ သူဆိုရင် ဆေးပါတစ်ခါတည်းစစ်၊ အခြေ အ နေမကောင်းရင် ပြန်လွှတ်တယ်”လို့ မလေး ရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ကိုဇင် အောင်သက်က ပြောပါတယ်။ အဆိုပါ လိုင်စင်မဲ့အရက်တွေကို မလေးရှားနိုင်ငံမှာ အနေကြာတဲ့ မြန်မာ တွေကပဲ ထုတ်လုပ်တာလို့ ဆိုပါတယ်။ လိုင်စင်မဲ့ အရက်တွေက ဈေးသက်သာ တဲ့အတွက် ဈေးကြီးတဲ့ အရက်တွေ မသောက်နိုင်ကြတဲ့သူတွေက သောက် ကြတာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ အရက် ကြောင့် သေဆုံးသူအများစုက အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်တွေ ဖြစ်တယ်လို့ သိရပါ တယ်။ “ အယောက် ၃၀ လောက်ရှိနေပြီ၊ ပြီး ခဲ့ တဲ့ နှစ်လလောက်ကတည်းက စဖြစ် နေ တာ၊ သင်္ကြန်ဆို ပိုဆိုးမယ်၊ တကယ် တော့ လုံးဝမသောက်တာ အကောင်းဆုံး ပါပဲ”လို့ ဦးကျော်သူက ဆက်ပြောပါ တယ်။ Author: သဉ္ဇာလှိုင်၊ ချောစုလှိုင် Kumudra Kumudra မှ ဒီသတင်းဖော်ပြလာတော့လည်း ဆက်စပ် သတင်းကို Myanmar Daily News မှ ဖော်ပြချင်ပါသေးတယ်။ မလေးရှားမှာ မြန်မာအရက်တွေ သောက်ပြီး သေတာ မနည်းတော့ပါဘူး။ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးက ၆ ယောက်သေတယ်ဆိုပြီး သတင်းမှာဖော်ပြပြီးနောက် မြန်မာလူမျိုးများ ဆက်လက် သေဆုံးနေတာ တွေ့ရတယ် မတ်လ နောက်ဆုံးအပတ်မှာလည်း ကာမာမန်းမှာ မြန်မာနှစ်ယောက် အရက်သောက်ပြီး ပန်ကာလေခံအိပ်တာကြောင့် ၂ ဦးသေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ကလင်း မှာ အရက်သောက်ပြီး နှစ်ယောက်သေတယ်။ အတူသောက်တဲ့ သူတွေက အပြစ်ဖြစ်ကျမှာကြောက်တာကြောင့် အလောင်းတွေကို လမ်းဘေးမှာ လွှင့်ပစ်ထားတယ်လို့ သိရပါတယ်။ နယ်လှည့် ရဲကား မှ လူသေလောင်းအား တွေ့ရှိတာကြောင့် ကပုန်းနာရေးကူညီမှုဆီ ပို့လိုက်တယ်လို့လည်း သတင်းကြားသိရပါတယ်။ မြန်မာဝီစကီသောက်ပြီး မျက်လုံးမမြင်(ကန်း) သွားသူ တွေ အများ ကြီးရှိပြီး ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ လူငယ် နှစ်ယောက်လည်း အပါအ၀င်ဟု သိရပါတယ်။ လက်ရှိ မလေးရှား ဆေးခန်း ဆေးရုံတွေက ဘီယာ နဲ့ အရက်တွေ မသောက်စားဖို့ ညွှန်ကြားထားတယ်လို့လည်း သိရှိရပါတယ်။ အောက်ပါလင့်တွင် တရုတ်နှစ်သစ်ကူးအတွင်း မြန်မာဝီစကီသောက်၍ သေဆုံးမှု သတင်းအားဖော်ပြပေးထားပါသည်
တရုတ်နှစ်သစ်ကူးအတွင်း မြန်မာဝီစကီသောက်၍ လူသေမှုသတင်းအားဖက်ရန်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..