လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, April 12, 2013

အကြွေပန်းပေမဲ့  ရွှေနန်းထိုက်စေချင် ....( အမျိုးသားများ အတွက် ကျန်းမာရေး အသိ )

Photo: အကြွေပန်းပေမဲ့  ရွှေနန်းထိုက်စေချင် ....( အမျိုးသားများ အတွက် ကျန်းမာရေး အသိ )

ရောဂါဖြစ်တာ နှောင့်နှေးသွားအောင် 
အသက် ၄၀ ကျော် အမျိုးသားတွေ ထက်ဝက် နီးပါးခန့်ဟာ ပန်းသေပန်းညှိုးတာ ကို တွေ့ကြုံဖူးကြမှာပါ။ အဲဒီဝေဒနာကို မကုသဘဲ ထားရင် အိမ်ထောင်ရေး အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။

အမျိုးသား အင်္ဂါတွင်းသွေးကြောတွေ ပိတ်ဆို့တာကြောင့် မထောင်မတ်နိုင်တာပါ။ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ဖြစ်တာမို့ ဆေးလိပ်ဖြတ်တာ၊ လမ်းလျှောက်လေ့ကျင့်ခန်းတွေ လုပ်ပေးရင် ပန်းသေပြဿနာဟာ ပျောက်ကင်းနိုင်ပါတယ်။

ဆေးဖက်ဝင်အပင်ကို အသုံးပြုပါ ........
ဂျာမန်မှ နောက်ဆုံးလေ့လာမှုအရ ဂျင်ကို (Ginkgo) အရွက်မှရရှိတဲ့ အနှစ်ကိုအသုံးပြုတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးဝေဒနာပျောက်ကင်းသွားတယ်လို့ သိရပါတယ်။ ဂျင်ကိုအနှစ်ကို နေ့စဉ် ၆၀ မှ ၂၄၀ မီလီဂရမ်သောက် ပေးနိုင်ပါတယ်။ ဒီထက်ဆေးပမာဏ များသွားရင် ဝမ်းပျက်တာ၊ စိတ်တိုတာနဲ့ စိတ်ဆတ်တာတွေ ဖြစ်နိုင်ပါတယ်။

အာဟာရကောင်းကောင်း စားပါ 
အမျိုးသားအင်္ဂါဟာ နှလုံးထက်အရွယ်ပိုသေးတဲ့အတွက် လူလတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာ လိင်တံတွင်းသွေးကြောတွေဟာ နှလုံးသွေးကြောတွေထက် ပိတ်ဆို့မှုပိုမိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိင်အင်္ဂါမထောင်မတ်နိုင်ဘဲ ပန်းသေ ပန်းညှိုးရောဂါရသွားတတ် ပါတယ်။

အထွေထွေကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အာဟာရ (Antioxidant Nutrients) တွေဟာ ပန်းသေပန်းညှိုးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့် Antioxidants ပါဝင်တဲ့ အောက်ပါဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နေ့စဉ်မှီဝဲပါ။

နေ့စဉ်သောက်ဖို့ခွင့်ပြုထားတဲ့ ပမာဏ (RDA) ၁၀၀ ရာခိုင်နှုန်းပါဝင်တဲ့ ဗီတာမင်ဘီ (B6 အပါအဝင်)၊ ဘီတာကရိုတင်း၊ ဖောလစ်အက်စစ်၊ ဗီတာမင်စီနဲ့ ဗီတာမင် ဒီ ဗီတာမင်အီး 100 IU မှ 400 IU ကယ်လ်စီယမ် နေ့စဉ် ၆၀၀ မှ ၇၀၀ ဂရမ်ဆေးပြားအပါအဝင် ဒိန်ချဉ်နဲ့ အစိမ်းရောင်ဟင်းရွက်တွေကို စားပါ။

ဒါ့အပြင် ငါးအဆီ (Fish Oil) ဟာလည်း သွေးကျဲစေနိုင်တဲ့အတွက် ဗီတာမင်စီ၊ အီး၊ ဘီတာကရိုတင်းနဲ့ အတူတူသောက်ပေးပါက သွေးကြောအတွင်း သွေးပျစ်ခဲတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ညနေစာကို ငါးကင်၊ ဟင်းနုနယ်ရွက်ကြော် ဒါမှမဟုတ် မုန်လာဥနီနဲ့ တွဲစားပေးပါ။

ပဲဟင်းစားပါ 
ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ Lidopa ဟာ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာကြောင့် ပန်းသေပန်းညှိုးပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ပဲဟင်းတစ်ပန်းကန်ကို ညစာအဖြစ် သုံးဆောင်ပါ။ံ
Health

( ကျန်းမာရေးအသိပညာအတွက် ....မျှဝေပါသည် )

Mg Mandalay

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..