လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 9, 2013

မြန်မာ့ မိုဘိုင်းဈေးကွက်အတွင်း လုပ်ကိုင်ခွင့်ရဖို့ ကုမ္ပဏီကြီးနှစ်ခုတို့ ပူးပေါင်း

Photo: မြန်မာ့ မိုဘိုင်းဈေးကွက်အတွင်း လုပ်ကိုင်ခွင့်ရဖို့ ကုမ္ပဏီကြီးနှစ်ခုတို့ ပူးပေါင်း
Tuesday, April 9, 2013

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခွင့် နှစ်နေရာအတွက် လိုင်စင်လျှောက်ထားခြင်းအား ကြိုတင်အရည်အချင်းစစ်ဆေးခြင်း နောက်
ဆုံးအချိန်တွင် အင်အားကြီး နိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု ထူထောင်လိုက်ခြင်းဖြင့် ပြိုင်ဆိုင်မှုအရှိန် မြင့်တက်
လာခဲ့ သည်။

ကမ္ဘာ့အကြီးဆုံး မိုဘိုင်း ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့်China Mobile တို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု တည်ထောင်ခြင်းဖြင့် မြန်
မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ရရန် ကြိုးစားလိုက်ကြ
သည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်ကို ၂၀၀၈ ခုနှစ်ကတည်းက စိတ်ဝင်စားနေသည့် အိုင်ယာလန် ကုမ္ပဏီတခု ဖြစ်သော Digicel ကုမ္ပဏီ
က ဆာ့ဂ်ျပန်း၏ မြန်မာနိုင်ငံမှ Yoma Holdings ကုမ္ပဏီ၊ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်၏ Quantum Strategic Partners Ltd တို့နှင့် တချိန်တည်း
မှာပင် ပူးပေါင်းခဲ့ကြသည်။

“မကြာသေးခင်က ဖြေလျှော့မှုတွေပေးခဲ့ပြီး ကမ္ဘာပေါ်မှာ တယ်လီဖုန်း သိပ်သည်းဆ အရမ်းနည်းနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ မြန်မာ့ဈေးကွက်ထဲ
ကို ဝင်ရောက်ရာမှာ Digicel က အောင်မြင်မှု ရှိထားပါတယ်” ဟု ကုမ္ပ
ဏီပိုင်ရှင် ဒင်းနစ်အိုဘရိုင်ရန် က ကြေညာချက်တခုတွင် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လက်ရှိ မိုဘိုင်းသုံးစွဲနှုန်းက ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ ကမ္ဘာ့အဆင့်ဝင် တယ်လီဖုန်း ကွန်ယက်တခုထွက်ပေါ်လာဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်” ဟု ၎င်းက ဆက်
လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဈေးကွက် ဖြေလျှော့ပေးမှုသည် တိုင်းပြည်၏ စီးပွားရေးကို နိုးထလာစေလိမ့်မည်ဟု ဆိုးရော့စ် က ဆိုသည်။ ဆက်သွယ်ရေး
လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး လိုင်စင်ရရှိပါ
က မြန်နိုင်ငံ၌ မိုဘိုင်း ကွန်ယက် တည်ဆောက်ကာ လုပ်ငန်းလုပ်ခွင့် ၁၅ နှစ် ရရှိမည် ဖြစ်သည်။

“လုပ်ခွင့်လိုင်စင် ပေးတာက မိုဘိုင်းဝန်ဆောင်မှု ဈေးကွက်ကြီး ဖြစ်ပေါ်ပြီး မြန်
မာ့လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်ကောင်းဖို့ အခွင့်အရေးတရပ်ပါပဲ” ဟု Vodafone နှင့် China Mobile တို့၏ ပူးတွဲ ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

မဇ္ဈိမ

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခွင့် နှစ်နေရာအတွက် လိုင်စင်လျှောက်ထားခြင်းအား ကြိုတင်အရည်အချင်းစစ်ဆေးခြင်း နောက်
ဆုံးအချိန်တွင် အင်အားကြီး နိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု ထူထောင်လိုက်ခြင်းဖြင့် ပြိုင်ဆိုင်မှုအရှိန် မြင့်တက်လာခဲ့ သည်။
ကမ္ဘာ့အကြီးဆုံး မိုဘိုင်း ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့်China Mobile တို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု တည်ထောင်ခြင်းဖြင့် မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ရရန် ကြိုးစားလိုက်ကြသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်ကို ၂၀၀၈ ခုနှစ်ကတည်းက စိတ်ဝင်စားနေသည့် အိုင်ယာလန် ကုမ္ပဏီတခု ဖြစ်သော Digicel ကုမ္ပဏီ
က ဆာ့ဂ်ျပန်း၏ မြန်မာနိုင်ငံမှ Yoma Holdings ကုမ္ပဏီ၊ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်၏ Quantum Strategic Partners Ltd တို့နှင့် တချိန်တည်း
မှာပင် ပူးပေါင်းခဲ့ကြသည်။

“မကြာသေးခင်က ဖြေလျှော့မှုတွေပေးခဲ့ပြီး ကမ္ဘာပေါ်မှာ တယ်လီဖုန်း သိပ်သည်းဆ အရမ်းနည်းနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ မြန်မာ့ဈေးကွက်ထဲ
ကို ဝင်ရောက်ရာမှာ Digicel က အောင်မြင်မှု ရှိထားပါတယ်” ဟု ကုမ္ပ
ဏီပိုင်ရှင် ဒင်းနစ်အိုဘရိုင်ရန် က ကြေညာချက်တခုတွင် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လက်ရှိ မိုဘိုင်းသုံးစွဲနှုန်းက ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ ကမ္ဘာ့အဆင့်ဝင် တယ်လီဖုန်း ကွန်ယက်တခုထွက်ပေါ်လာဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်” ဟု ၎င်းက ဆက်
လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဈေးကွက် ဖြေလျှော့ပေးမှုသည် တိုင်းပြည်၏ စီးပွားရေးကို နိုးထလာစေလိမ့်မည်ဟု ဆိုးရော့စ် က ဆိုသည်။ ဆက်သွယ်ရေး
လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး လိုင်စင်ရရှိပါ
က မြန်နိုင်ငံ၌ မိုဘိုင်း ကွန်ယက် တည်ဆောက်ကာ လုပ်ငန်းလုပ်ခွင့် ၁၅ နှစ် ရရှိမည် ဖြစ်သည်။

“လုပ်ခွင့်လိုင်စင် ပေးတာက မိုဘိုင်းဝန်ဆောင်မှု ဈေးကွက်ကြီး ဖြစ်ပေါ်ပြီး မြန်
မာ့လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်ကောင်းဖို့ အခွင့်အရေးတရပ်ပါပဲ” ဟု Vodafone နှင့် China Mobile တို့၏ ပူးတွဲ ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

မဇ္ဈိမ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..