“ ပြည်ထောင်စုရဲ့ သားသမီးတွေ ယခုလို ချစ်ချစ်ခင်ခင်၊
နွေးနွေးထွေးထွေး ညီညီညွတ်ရှိနေကြတာကို မြင်တဲ့သူတိုင်း
ပြည်ထောင်စုသားတွေဖြစ်တဲ့ မည်သူမဆိုကြည်နူးမိကြမှာပါ။
ကျွန်ုပ်တို့မြန်မာနိုင်ငံသားအားလုံး အမိမြန်မာပြည်ကြီးရဲ့
ရင်ခွင်မှမွေးဖွားလာသူတိုင်း - ညီရင်းအစ်ကို၊ မောင်ရင်းနှမ
လိုချစ်ခင်ပြီး၊ ညီညွတ်စွာနဲ့ အမိမြန်မာပြည်ကြီးအကျိုးကို
ရွက်ဆောင်သွားကြရင် နွံနစ်နေတဲ့ ပြည်အဖြစ်ကနေ
အမြန်ဆုံးလွတ်မြောက်ပြီး၊ အထက်တန်းတိုင်းပြည်အဖြစ်သို့
တက်လှမ်းနိုင်မည်ဟု ယုံကြည်လျှက် ...
မြန်မာပြည်ကြီး ....ငြိမ်းချမ်းပါစေ...။
မြန်မာပြည်ကြီး.....ညီညွတ်ပါစေ...။
မြန်မာပြည်ကြီး.....တရားမျှတပါစေ..။
မြန်မာပြည်ကြီးရဲ့ သားသမီးအားလုံး ကိုယ်စိတ်
နှစ်ပါးချမ်းသာကြပါစေ။
့မြန်မာပြည်ကြီး.....သမိုင်းကောင်းအမွန်အမြတ်ကိုရေးထိုး
နိုင်ပါစေ။ ”
- ( ဗုဒ္ဓဘာသာလူငယ်များအသင်း- မြန်မာပြည် )
Photo Source : လင်းဘိုဘို ၊ ဧပြီ ၁၁ ၂၀၁၃ ။
Young Buddhist's Association

No comments:
Post a Comment