လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 27, 2013

အိမ်ဖော်ကို ငှက်ပြောသီး ၊ ပုလင်းများနဲ့ ပြုကျင့်သော ညီအမ 2 ဦးထောင်ဒဏ်တိုး


Thestar သတင်းဌာနမှ ယနေ့တင်ဆက်သော ရှားအလမ်းမှညီအမ နှစ်ဦး၏ အိမ်ဖော်အားရက်စက်မှု့ အတွက် အမှု့စစ်ဆေးမှု့အဆုံးသတ်အနေဖြင့် ထိုညီအမနှစ်ဦး တင်ထားသည့် အသနားခံစာများအားလုံး ပယ်ချကာ ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်လိုက်ကြောင်းသတင်းအား ဧဒင်ဥယျာဉ်အဖွဲ့သားများ သာမက နိုင်ငံတကာရောက် မြန်မာများဖတ်နိုင်သိနိုင် သတိရှိနိုင်ရန် အတွက် ရည်ရွယ်ပြီးဘာသာပြန် ရေးသားရပါသည် ။
လွန်ခဲ့သော 2003 ခုနှစ် နိုဝင်ဘာ လမှ 2014 စက်တင်ဘာလအထိ တစ်နှစ်တိတိအတွင်း Wong Choy Ling နှင့် Wong Choy Kin ညီအမ ၂ ဦးတို့သည် မိမိ အိမ်တွင် ခိုင်စေရန် ငှားရမ်းထားသည့် အိမ်ဖော် အင်ဒိုနီးရှားသူ Hanif Muawanah Muhyi အား ငှက်ပျော်သီး ၊ ပုလင်း စသည်တို့ဖြင့် အနိုင်ကျင့် နှိပ်စက်ကြောင်းကို Hanif မှ တိုင်ကြားခဲ့သည်အတွက် Petaling Jaya တရားရုံးတွင် တရားဆွဲခံခဲ့ကြရပါတယ်။
Taman Bukit Serdang, Seri Kembangan အိမ်တွင်းမှာပင် တစ်နှစ်အတွင်းမကြာခဏထိုသို့ ပြုကျင့်ရုံမျှမက လက်ခံနိုင်စရာမရှိသော ရုတ်ရင့်ကျမ်းတမ်းမှု့အဖြစ် အိမ်ဖော်၏ ဒွာရပေါက်များထဲသို့ ဘီစကွတ်များ ထည့်ကာရက်စက်မှု့ကိုပြုကျင့်ကြောင်းတရားရုံးမှတွေ့ရှိခဲ့ပါတယ် ။

ထိုသို့ နှိပ်စက်မှု့အတွက် Hahif မှတရားစွဲနိုင်ခဲ့ပြီး 2011 အောက်တိုဘာ 13ရက်နေ့တွင် မူ Pataling Jaya တရားရုံးမှ အဆိုပါ ညီအမအား အိမ်ဖော်အား နာကျင်စေမှု့ကြောင့် ထောင်ဒဏ် 8 လ နှင့် ရက်စက်ကြမ်းကြုတ်မှု့ အတွက် ထောင်ဒဏ် 2 နှစ်ချမှတ်ကာ အမှု့အဆုံးသတ်ခဲ့ပါတယ် ။ အဆိုပါ ဆုံးဖြတ်မှု့ကို Choy Ling, 41, နှစ်နှင့် Choy Kin, 39,တို့ ကသနားခံစာတင်ခဲ့ကြရာ Shah Alam တရားရုံးတော်မှ လက်မခံပဲ ပယ်ချပစ်ခဲ့ပါတယ် ။
ထိုသို့လက်မခံသောကြောင့် အဆိုပါညီအမ နှစ်ဦးတို့က Pataling Jaya တရားရုံးများသို့ဆက်လက် လျှောက်ထားသောကြောင့် တရားရုံးချုပ်တရားသူကြီး ၃ ဦးပါသော အဖွဲ့ဖွဲ့ကာ ဆက်လက်စုံစမ်းမှု့များပြုလုပ်အပြီး မတရားကျင့်မှု့ထင်ရှားသောကြောင့် ယခင်ထောင်ဒဏ် ၂ နှစ် ၈ လချမှတ်ထားသည့် ပစ်မှု့အား ထောင်ဒဏ် 5 နှစ်သို့ပြောင်းလဲချမှတ်ကာ တရားဥပဒေတွင် နိုင်ရာစားမရှိကြောင်းပြသခဲ့ပါတယ် ။
သို့ကြောင့် 2011 အောက်တိုဘာလမှ စတင်ဖမ်းဆီးခံခဲ့ရသော ညီအမ နှစ်ဦးဖြစ်သူ Wong Choy Ling နှင့် Wong Choy Kinတို့သည် သနားခံစာတင်ကာ တရားရုံးမှ ဆုံးဖြတ်ချက်အား စောဒကတက်သောကြောင့် မကြာမီထွက်ရမည့် အစား လာမည့် 2006 ခုနှစ်တိုင် 5 နှစ်ပြည့်အောင် ထောင်ဒဏ်ကြခံရတော့မည်ဖြစ်ပါတယ်။
မြန်မာညီအကိုမောင်နှမများအဖို့ အိမ်ဖော် ပုံပြင်များစွာအား နား ၊ မျက်စိတို့ဖြင့် ကြားသိနေကြရပေမယ့် ယခုကဲ့သို့ ကြမ်းကြုတ်မှု့များကြားရသောအခါ လွန်စွာအံအားသင့်ပြီး အဖွဲ့ဝင်များလည်းသိရှိသင့်လို့ ဘာသာပြန်ပေးခြင်းပါ ။
မလေးရှားသာမက အရှေ့တောင်အာရှနိုင်ငံများ အတွင်း တိုးတက်ဆဲနိုင်ငံများဖြစ်ကြသည့် စင်္ကာပူ ၊ ထိုင်း နိုင်ငံတို့တွင်လည်း အိမ်ဖော်အားလူမဆန်စွာနှိပ်ဆက်မှု့များ ရှိခဲ့ပြီး ထိုသို့ဖြစ်ပျက်မှု့များတွင် တရားဆွဲဆိုနိုင်ခဲ့သော အမှု့များအားသတင်းအဖြစ်ဖတ်နိုင်ကြပေမည့် သတင်းစာပေါ်သို့တက်မလာသော အမှု့များစွာ ဖြစ်ပျက်နေဆဲဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူ ရှေ့နေမှ ယနေ့စကားဝိုင်းတွင် ပြောကြားခဲ့ပါတယ် ။
နိုင်ငံတကာသို့ အလုပ်သမားအဖြစ်ရောက်ရှိလာကြမည့် ၊ ထွက်ခွာလာကြမည့် မြန်မာနိုင်ငံသားများအတွက် သတိ ၊ အသိများရရှိစေရန် သာမက တတ်နိုင်လျှင် မြန်မာအမျိုးသမီးငယ်များ မည်သည့်အလုပ်ကိုလုပ်မည်ဖြစ်စေ စဉ်းစားဆုံးဖြတ်နိုင်ကြစေရန် စေတနာဖြင့် ဧဒင်ဥယျာဉ်မှ တင်ဆက်လိုက်ရပါတယ် ။

Ref : Thestar (Malaysia) , Asia One News

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..