ကမ္ဘာနဲ့အ၀ှန်း အ၀လွန်လို့သေဆုံးရသူတွေ တသိန်း ၈သောင်းကျော်ဟာ သကြားအချိုကဲနေတဲ့ အချိုရည်တွေသောက်သုံးမှုနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်နှလုံးကျန်းမာရေးဆိုင်ရာအဖွဲ့ ညီလာခံက ပြောဆိုလိုက်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ နှစ်ပေါင်းများစွာလေ့လာစမ်းသပ်မှုတွေနဲ့ သုတေသနပြုချက်တွေကို အခြေခံပြီး ထွက်ပေါ်လာတာပါ။ သကြားဟာ လူကို အဆိပ်ဖြစ်စေတယ်လို့တောင် ဆေးပညာရှင်တွေက ဆိုနေပါတယ်။ စားသုံးမှုများတဲ့သကြားတွေကို လူ့ကိုယ်ခန္ဓာက မချေဖျက်နိုင်ဘဲ အထူးသဖြင့် အသဲမှာ ထိခိုက်လာတယ်လို့ သိရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများသူတွေအတွက် သကြားများတာက ပြဿနာ မရှိလှပေမဲ့ လှုပ်ရှားမှုနည်းသူတွေအတွက် ဒါဟာ အဆိပ်အတောက်
ဖြစ်လာတယ်လို့ ဆိုပါတယ်။
အမေရိကန် အချိုရည်အသင်းကတော့ ဒါဟာ သိပ္ပံနည်းကျလုပ်တာ မဟုတ်ဘူးလို့ တုန့်ပြန်ပါတယ်။
အ၀လွန်တဲ့ရောဂါနဲ့သေဆုံးသူ ၁၀၀ တိုင်းမှာ အချိုရည်ကြောင့် သေဆုံးရသူ တယောက်နှုန်း ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေနဲ့ အကျယ်အ၀န်းအရ အကြီးဆုံး ၃၅ နိုင်ငံထဲမှာ မက္ကဆီကိုဟာ အချိုရည်သောက်သုံးလို့ သေဆုံးနှုန်း
အမြင့်ဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ခ်ျက အနိမ့်ဆုံးဖြစ်ပါတယ်။ အမေရိကန်ကတော့ တတိယနေရာမှာ ၇ှိပါတယ်။
M
ကိုးကား-http://www.cnn.com/2013/03/19/health/sugary-drinks-deaths/index.html?hpt=hp_t1
Please Share, Do not copy to re-post.
No comments:
Post a Comment