လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 26, 2013

ကိုယ့်အတတ်ကိုယ်ဆူး

Photo: ကိုယ့်အတတ်ကိုယ်ဆူး

ရန်ကုန်ဘူတာကြီးတွင် ရန်ကုန်ရွှေညောင်သွားမဲ့ ရထားပေါ်သို့ လူကြီးတယောက်တက်လာသည်။

ရထားတွဲပေါ်တွင် ခရီးသည်များပြည့်ကျပ်နေပီး နေရာလွတ်လုံးဝမရှိပေ။

" အားလုံးကိုလူလည်ကျလိုက်ဦးမယ်.." .ဟု တွေးကာပါလာသောသေတ္တာကိုဖွင့်လိုက်၏။

ချက်ချင်းဆိုသလိုပြန်ပိတ်လိုက်ပီး ထိုင်ခုံများ အောက်ကိုဝင်ကာ ဟိုရှာ ဒီရှာလုပ်လေသည်။

ခရီးသည်များလည်း စိတ်ဝင်စားလာပီး ၀ိုင်းမေးကြ၏။

" ဘာရှာနေတာလဲဗျ "

" အနှောက်အယှက်မပေးကြပါနဲ့။ကျနော် ဒီကောင်ကို မိမှာပါ။ "

" ဘာကောင်ကိုလဲ "

" မြွေလေ။သေတ္တာထဲက ဒီကောင် လွတ်ထွက်သွားတယ် "

ခရီးသည်များအားလုံး ရှဲ ခနဲဖြစ်သွားကြပီး သူ့ထက်ငါ အရင်ဦးအောင် တွဲပေါ်မှ ဆင်းပြေးကြ၏။

လူတယောက်မှမကျန်တော့သောအခါ လူကြီးသည် ခုံတန်းပေါ်လှဲချလိုက်၏။

ချက်ချင်း အိပ်ပျော်သွားပီး ည ၁ နာရီခန့်တွင် အိပ်ရာမှ နိုးလာသည်။

နိုးလာလျှင် ရထားရပ်ထားသည်ကို တွေ့ရ၍ ပြတင်းပေါက်မှ ခေါင်းပြူကာ ဖြတ်လျှောက်လာသော မီးရထားဝန်ထမ်းအားလှမ်းမေး၏။

" ဒါ ဘာဘူတာလဲဗျ။သာစည်လား "

" ဘယ်ကလာ။သာစည်ရမှာလဲ။နမော်နမဲ့နိုင်တဲ့ ခရီးသည်တစ်ယောက်ရဲ့ မြွေတစ်ကောင်လွတ်သွားလို့ ဒီတွဲကိုဖြုတ်ထားခဲ့ရတာဗျ...."

တိန်

ရီမောပျော်ရွှင်ပါစေ
အူတက်အောင်ရီရသောဟာသများနဲ့အခြား မှ ကူးယူလာသည်

Mr, အယ်လ်ဂျေ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..